"ညို နင်အဲ့မှာဘာလုပ်နေတာလဲငါခေါ်နေတာမကြားတာလားနားလေးဟန်ဆောင်နေတာလား"
ညို ခြံထဲရှိပန်းပင်လေးတွေကိုရေလောင်းနေတုန်းကြားရတဲ့အသံကြောင့်အိမ်တံခါးဝသို့အမြန်ပြေးသွားလိုက်တယ်"အမေဘာဖြစ်လို့လဲသားပန်းပင်တွေရေလောင်းနေလို့ပါ....ဘာခိုင်းစရာရှိလို့လဲ"
ဒေါ်မြတင်တစ်ယောက်အပြေးလာပြီးချွေးတွေနဲ့ပြာပြာသလဲဖြစ်နေတဲ့သားဖြစ်သူကိုကြည့်ရင်းအခုချိန်ထိသူ့အဖေအပေါ်မကျေနပ်ပေမဲ့ညိုကသူ့သားအရင်းဖြစ်သည့်အတွက်နှုတ်ကကြမ်းကြမ်းတမ်းတမ်းတွေပြောဆိုတက်ပေမဲ့ဒီကလေးအပေါ်သူတကယ်ချစ်ပါသည်။
"ငါ့ကိုဘုရားပန်းအိုးတစ်လုံးသွားဝယ်ပေး
ဘုရားပန်းအိုးတစ်လုံးကြကွဲသွားလို့""ဟုက်အမေ...သားဒါဆိုခုပဲသွားလိုက်မယ်"
"မြန်မြန်တော့ပြန်လာခဲ့ဘုရားပန်းတွေနွမ်းကုန်လိမ်မယ်"
ညိုလည်းဘုရားပန်းအိုဝယ်ရန်စျေးဘက်သို့ထွက်လာလိုက်တယ်
"အစ်မဒီပန်းအိုးလေးတစ်လုံးပေးပါအိုးကိုအိပ်ထဲတော့မထည့်နဲ့တော့"ညိုကအိုးလေးကိုသေချာကြည့်ချင်တာမို့အိတ်ထဲကိုမထည့်ခိုင်းခြင်ပေညိုကလက်မှု
ပညာတွေကိုအတော်လေးသဘောကြတဲ့သူပါယောက်ျားလေးဆိုပေမဲ့လက်မှုပညာကိုသဘောကြသလိုလက်မှုပညာသည်တွေကိုလည်းသူတကယ်လေးစားသည်
"အော်....ဒါဆိုလည်းမထည့်တော့ဘူး...သေချာလေးတော့ကိုင်နော်ကွဲမယ်""ဟုက်ကဲ့ပါဗျကျေးဇူးပါနော်"
ညိုလည်းဆိုင်လေးကထွက်ပြီးအပြန်လမ်းတစ်လျှေက်ပန်းအိုးလေးကိုဘဲကြည့်နေမိသည်
စျေးနဲ့အိမ်ကမဝေးသည်မို့ဖြေးဖြေးလျှေက်လည်းရတာမို့ဖန်အိုးဖြူလေးရဲ့ဘေးပက်လည်မှာပုံဖော်ထားတဲ့ပန်းလေးတွေကိုသာ
ေသချာကြည့်နေရင်း
!ကျွီ!!ဒုန်း!
!ခလွမ်း!
"ဟာကွာအရေးထဲဘာကိုတိုက်မိပြီလည်းမသိဘူး"
ဇန်တစ်ယောက်ရိုးရိုးသာမန်လမ်းလေးကိုဟိုင်းဝေးလမ်းလိုမောင်းလာတဲ့သူ့ကိုသူသာစိတ်တိုမိပါသည်သူငယ်ချင်းတွေနဲ့ချိန်းထားလို့နောက်ကြမှာဆိုးလို့အမြန်မောင်းလာပါတယ်ဆိုမှသူ့ကားကတော့အခုတစ်ခုခုကိုတိုက်မိလိုက်ပြီမို့အချိန်တော့ကြာအုန်းမှာပဲလို့တွေးရင်းစိတ်ညီးညူးစွားကားအောက်ကိုဆင်းခဲ့လိုက်တယ်။
YOU ARE READING
my mine brown
Actionမင်းနဲ့ကိုယ့်ရဲ့တွေ့ဆုံမှုမှာကျကွဲသွားတဲ့ပန်းအိုးလေးကိုကျေးဇူးတင်ရမယ်မောင့်ညို တည်ကမ္ဘာဇန်×ရေှးညို (Unicode & Zawgyi)