unicode 5

85 4 5
                                    

ညိုခြေထောက်တစ်လှမ်းနှစ်လှမ်းလောက်လဲလျှောက်ပြီးမကြာဘူးခြေထောက်ကခုလေးမှချုပ်ပြီးဆေးတွေထည့်ထားတာမို့ဆူးပြီးနာလာတယ်ဇန်ကတော့ရှေ့ကလျှောက်နေတော့ညို့ကိုမမြင်

"ဟို!...ကောင်လေး....ငါလမ်းမလျှောက်နိုင်ဘူးခြေထောက်ကနာနေတယ်"

ဇန်ကြည့်လိုက်တော့မှမျက်နှာလေးရှုပ်မဲ့ပြီးပြောနေတဲ့သူကိုမြင်တော့ညို့ဆီပြန်လျှောက်လာပြီးညို့ရဲ့ဂုတ်ကိုဖက်လျှက်

"ကျုပ်နာမည် တည်ကမ္ဘာဇန် ကောင်လေးမဟုက်ဘူး....ခင်ဗျားမလျှောက်နိုင်ဘူးမှက်လား"

"အင်း....တည်ကမ္ဘာဇန်  လွှက်အုံးဘာလုပ်မို့လဲ"

"ခင်ဗျားကိုကျုပ် အလာတုန်းကဘယ်လိုခေါ်လာလဲ"

"ဟင့်အင်း...အဲ့လိုမသွားတော့ဘူးငါ့ကိုဝှီးချဲနဲ့ပဲတွန်ပေးလည်းရတယ်"

"ဒီအထပ်မှာဝှီးချဲတွေမရှိဘူး  ကျုပ်ချီခေါ်မှရမှာ"

"..........."

"ဒါမှမဟုက်ခင်ဗျားခြေထောက်မနာတော့မှလမ်းလျှောက်ပြန်ချင်တာလားအချိန်တွေကြာမှာ....ကျုပ်ကတော့အချိန်တွေအလကားမဖြစ်အောင်တစ်ခုခုလုပ်မလားလို့....ဟိုမှာတွေ့လား....?အဲ့အခန်းတွေကအရင်တုန်းကသားဖွားခန်းတွေ....အခုတော့သားဖွားဆောင်မဟုက်တော့လို့.....အခန်းတွေရှင်းနေတယ်....ကျုပ်တို့အဲ့ထဲသွားပြီးကားပေါ်က ကိစ္စဆက်လုပ်ကြမယ်လေ...အလျှင်လဲမလိုတော့ဘူးဆိုတော့"

ဇန်ညို့ကိုတမင်ခြောက်၍ပြောလိုက်ချင်းပင်မဟုက်ရင်ဒီအဖိုးကြီးပေါက်စကသူချီခေါ်မှာကိုဆက်​ငြင်းနေမှာဆိုး၍ပင်။

"အင်း..ရတယ်...မင်းပဲချီခေါ်တော့"

ဇန်လည်းညို့ကိုပွေ့ချီပြီးလျှောက်လာရင်းဓာတ်လှေကားကိုတွေ့မှဓာတ်လှေကားထဲဝင်ရင်းညို့ကိုကြည့်တော့သူပွေ့ထားတဲ့အတိုင်းလေးနှင့်သူ့လည်တိုင်ကိုဖက်ထားရင်းသူ့ကိုတစ်ခုခုပြောချင်နေပုံပင်။

"မင်း...မလေးဘူးလား"

"ခင်ဗျားက..လား ..လေးမှာ ခင်ဗျားခန္ဓာကိုယ်က
ဖော့တုန်းတောင်အဖေခေါ်လို့ရတယ်"

my mine brownWhere stories live. Discover now