"ကောင်...ကောင်လေး"
ညိုခေါ်တာတောင်ဇန်ကတစ်ချက်ပဲကြည့်ပြီး
သူတို့ရှိရာကိုတစ်ရှိန်ထိုးဝင်လာပြီး!ခွက်...ခွက်...ခွက်!
"အဲ့မှာထွက်မသွားချင်အုံး!...ခင်ဗျားလူလိုနားလည်ရင်နောက်လဲ...ဒီကိုဆက်မလာနဲ့
ရှင်းလား!...မကျေနပ်လို့ကျုပ်ကိုပြန်ထိုးအုံးမလား...ပြောစမ်း..!သူထိုးထားလို့ကျော်ဇံရဲ့မျက်နှာမှာလည်းသွေးတြွေဖင့်ပေါက်ပြဲနေသည်တောင် ဇန်က
ကျော်ဇံအိကင်ျီကော်လံစကိုဆွဲလျှက်ဆက်မေးနေသေးသည်"ငါ...ငါတောင်းပန်ပါတယ်..နောက်..နောက်လဲထပ်မလာတော့ပါဘူး"
ဖြစ်ပျက်သွားသည့်မြင်ကွင်းများကိုညို့လျှပ်တစ်ပျက်မြင်လိုက်ရသည့်လျှပ်စီးလိုပင် ထင်ရသည်၊ဟိုလူနဲ့သူနဲ့အတိုက်အခံဖြစ်နေတုန်းကောင်လေးဝင်လာပြီးဟိုလူ့မျက်နှာကိုလာထိုးတာအချက်ပေါင်းမည်မျှပင်မသိတော့၊ကောင်လေးထိုးထားလို့ဟိုလူ့မျက်နှာမှာလဲရစရာတောင်မရှိတော့၊ညိုအခုမှသတိပြန်ဝင်လာသည်
"ကောင်..ကောင်လေးတော်...လိုက်တော့"
ညိုပြောတော့ဇန်ကကျော်ဇံကော်လံစကိုကိုင်ထားရပ်နဲ့ညို့ကိုလှည့်ကြည့်သည်ပြီးမှကျော်ဇံကို့ကိုင်ထားတာကိုလွှတ်ပြီး
"ခင်ဗျားကို..ကျုပ်ပြောထားတာမှက်မိတယ်နော်"
"အင်း..ဟုတ်..ဟုတ် အစ်ကိုသိပါပြီနောက်တစ်ခါမလာတော့ပါဘူး"
"မလာရင်ရပြီ...ခင်ဗျားသွားတော့"
"အော်..အင်း.."
ကျော်ဇံတစ်ယောက်ထိုးခံထားလို့စုပ်ပြက်နေတဲ့သူ့မျက်နှာကိုအုပ်ပြီးအပြင်သို့ထွက်သွားတော့မှ ညိုဇန့်မျက်နှာကိုကြည့်လိုက်တော့အတော်ပင်လန့်သွားရသည် ညို့ကိုစိုက်ကြည့်နေသည်မှာမျက်တောင် တောင်ခတ်ရဲ့လားမသိ တွန့်ကျိုးနေတဲ့မျက်ခုံးတန်းတွေကလဲတစ်ခုနှင့်တစ်ခုထိဆက်လို့နီးပါ ညိုဘာပြောရမှန်းတောင်မသိတော့ ဇန့်ကိုကြည့်ရင်းနဲ့ပင် ကြောက်လာသည်
"လာခဲ့...ခက်ဗျားလာခဲ့..."
"ဟမ်!..ဟင်..ကောင်လေးဘယ်သွားဖို့"
YOU ARE READING
my mine brown
Acciónမင်းနဲ့ကိုယ့်ရဲ့တွေ့ဆုံမှုမှာကျကွဲသွားတဲ့ပန်းအိုးလေးကိုကျေးဇူးတင်ရမယ်မောင့်ညို တည်ကမ္ဘာဇန်×ရေှးညို (Unicode & Zawgyi)