"Kim Doyoung အဖွဲ့မှူးခေါ်နေတယ်"
"ဟင် ဘယ်မှာ meeting လား"
"အင်းဟုတ်တယ်"
Doyoung ထိုင်နေရာကထပြီး meeting အခန်းထဲဝင်သွားတော့ အဖွဲ့မှူးအပြင် ဒါရိုက်တာကိုပါမြင်လိုက်ရတော့ အံ့သြသွားကာ
"အဖွဲ့မှူးခေါ်တယ်ဆိုလို့"
"ဟုတ်တယ် ထိုင်ပါဦးဒါရိုက်တာကပြောစရာရှိလို့တဲ့"
"မင်းနာမည်က Kim Doyoung နော်"
"ဟုတ်ကဲ့ ခင်ဗျ"
"အင်း မင်းအကြောင်းကြားထားတာတော့ကြာပါပြီ လုပ်သက်သုံးနှစ်နဲ့လိုက်အောင်လုပ်ရည်ကိုင်ရည်အရမ်းထက်လွန်းတာ ပြီးတော့မင်းတို့ရဲ့အဖွဲ့မှူးကလည်း ရာထူးတိုးဖို့အချိန်ကျပြီမှတ်လား"
"ဟုတ်ကဲ့"
Doyoung ဟုတ်သာဟုတ်ကဲ့နေရတယ် ဒါရိုက်တာဘာကိုဆိုလိုချင်နေမှန်းသူသေချာမသိ
"အဲ့တာ အဖွဲ့မှူးကသူ့နေရာကိုမင်းကိုပေးဖို့ မင်းနာမည်နဲ့ promotion တင်ထားတယ်"
"ဗျာ"
"ဟုတ်တယ် အဲ့တာ ဒါပေမယ့် ဒီအတိုင်းကြီးတိုးပေးလိုက်ရင် မင်းထက်အရင်ဝင်တဲ့သူတွေရဲ့ အမြင်လည်းရှိသေးတော့ မင်းကို mission တစ်ခုပေးချင်လို့"
"ဟုတ်ကဲ့ ပေးပါခင်ဗျာ"
"အင်း အဲ့ mission သာအောင်ရင်မင်းကို အဖွဲ့မှူးအဖြစ်ရာထူးတိုးပေးမယ်"
"ဘာ mission လဲခင်ဗျ"
အဲ့အချိန် ဒါရိုက်တာကပြုံးလိုက်ပြီး
"ခက်ခက်ခဲခဲတော့မဟုတ်ပါဘူး တက်သစ်စ model/actor - Jeong Jaehyun ကိုသိတယ်မှတ်လား"
"ဗျာ"
Kim Doyoung တစ်ယောက် Jeong Jaehyun ဆိုတဲ့နာမည်ကြားတော့ခေါင်းကြီးသွားသလိုခံစားလိုက်ရပြီး
"အင်း သူကလောလောဆယ်ဘယ် Entertainment နဲ့မှစာချုပ်မချုပ်ထားဘူးလို့သိရတယ် ပြီးတော့ background စုံစမ်းကြည့်တော့လည်း မဆိုးဘူး ချမ်းသာတဲ့အသိုင်းအဝိုင်းကပြီးတော့ အရှုတ်အရှင်းကင်းတယ် သူလျှောက်ဖူးတဲ့ runway ပွဲတွေကလည်း Europe မှာတွေချည်း၊actor လုပ်တော့လည်း တစ်ကားဆို ဆိုသလောက်"