Kim Doyoung သူ Jaehyun Soju shooting ရိုက်နေတာကိုသေချာကြည့်နေပြီး တစ် cut ပြီး တစ် cut Jaehyun က ကင်မရာမန်းတောင်ဘာမှပြောစရာမလိုအောင် အိုက်တင်ပေးတာပိုင်နိုင်လွန်းသည်။ နောက်ဆုံး တစ် cut ရိုက်တော့ Jaehyun ကမျက်ခုံးတစ်ဖက်ကိုပင့်၍ ရီဝေတဲ့အကြည့်တွေနဲ့ သူ့ဘက်လှည့်ကြည့်လာပြီးသူနဲ့အကြည့်ချင်းစုံသွားတဲ့ခဏ Jaehyun နှုတ်ခမ်းတွေကမသိမသာလေးပြုံးသွားသယောင် အဲ့နောက် Jaehyunကချက်ချင်းပင် Soju ခွက်အားကိုင်၍ နောက်ဆုံး pose ပေးလိုက်ပြီး
"Ok အဆင်ပြေတယ် နှစ်ခါတောင်ပြန်ရိုက်စရာမလိုဘူးတော့ဘူးပဲ"
ကင်မရာဆရာက သူနဲ့ Jaehyun အားပြောလိုက်ပြီး Doyoung က
"အဲ့တာဆို ကျွန်တော်တစ်ချက်ပြန်ကြည့်လိုက်ဦးမယ်နော်"
အဲ့လိုနဲ့ Doyoung တစ်ပုံပြီးတစ်ပုံပြန်ကြည့်နေတဲ့အချိန် Soju distribution ဘက်က body လှလှနဲ့ အစ်မတစ်ယောက် Jaehyun အနားကိုကပ်သွားတာမြင်တော့ Doyoung အကြည့်တွေချက်ချင်းရောက်သွားပြီး
"Hi Jaehyun အမက Soju company ဘက်က Director တစ်ယောက် ပါ Jaehyun ကိုသဘောကျလို့ကို recommend ပေးထားတာလေ အမတို့ brand နဲ့ရိုက်ဖို့"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်.. ကျွန်တော့်ကိုကမ်းလှမ်းလာလို့လည်း"
"အမ်း အဲ့တာဆို အလုပ်ပြီးရင် အမနဲ့နေ့လည်စာစားကြမလား ဒကာခံပါ့မယ်"
"အာ မစားတော့ပါဘူး နေ့လည်ချိန်းထားတာတစ်ခုရှိလို့ပါ"
သူတို့နှစ်ယောက်ပြောနေတဲ့အချိန် Doyoung သူတို့ဆီလျှောက်လာတာမြင်တော့ Jaehyun လှမ်းကြည့်လိုက်ပြီး
"အဲ့တာဆို အမကျွန်တော်ကိုခွင့်ပြုပါဦးနော်"
"ခဏ အဲ့တာဆို အမကို Jaehyun ရဲ့ ဖုန်းနံပါတ်လေးပေးခဲ့လို့ရမလား"
အဲ့အချိန် Doyoung က သူ့အိတ်ကပ်ထဲက Jeno card အားထုတ်လိုက်ပြီး
"ဒီမှာပါ ခင်ဗျ အလုပ်ကိစ္စ တစ်ခုခု ဆက်သွယ်စရာရှိရင် ဒီကိုပဲဆက်သွယ်ပေးပါနော်"