"Hyung အဆင်ပြေလား Jaehyun ကိုစည်းရုံးတာဘယ်အဆင့်ထိရောက်နေပြီလဲ"
Mark က Doyoung ကိုလှမ်းမေးလိုက်တာကြောင့် Doyoung ကော်ဖီဖျော်နေရင်းလှည့်ကြည့်လိုက်ကာ
"ဒီလိုပါပဲ သူကစိတ်မှန်တာမဟုတ်ဘူး တစ်နေ့တည်းကိုအမျိုးမျိုး"
"ဟားဟား ကျွန်တော်ကြားသလောက်တော့ Jaehyun က Manner boy တဲ့ စိတ်ရင်းလည်းမဆိုးဘူးဆိုပဲ သူနဲ့အတူအလုပ်လုပ်ဖူးတဲ့သူတွေပြောတာပဲ"
"ဟုတ်လား"
"အင်း"
အဲ့အချိန် Doyoung ဖုန်းကို sms ဝင်လာလို့ကြည့်လိုက်တော့ Jaehyun ဘာတဲ့
💌 မနက်စောစောလာခဲ့နော် မနက်စာမစားခဲ့နဲ့ ဒီတစ်ခါတော့ ကျွန်တော်ချက်ကျွေးမှာပါ
"အမယ်ကြားသားမိုးကြိုး သူချက်ကျွေးမယ်ဆိုပဲ"
"ဘယ်သူကလဲ Hyung"
"မင်းပြောတာများကြားသွားလားမသိဘူး မနက်စာမစားခဲ့နဲ့ဆိုပဲ"
"Jeong Jaehyun?"
Mark ကတစ်ခုခုကိုစဥ်းစားနေပြီးအဲ့နောက်
"ထူးဆန်းလိုက်တာ"
"ဘာကိုလဲ"
"Hyung ကိုကြိုက်နေတာလားမသိဘူး ကြည့်လည်းလုပ်ဦး တစ်ချို့ကအဲ့လိုပဲရန်ဖြစ်ရင်းနဲ့ကြိုက်သွားကြတာများတယ်"
"ဖြစ်ရလေ ဟုတ်နေဦးမယ်"
xxxxxxxxxxxx
နောက်နေ့မနက် Jaehyun အစောကြီးထကာ သူ့လက်ရာဘယ်လောက်ကောင်းတယ်ဆိုတာ ပြသဖို့အချိန်တန်ပြီလေ Jaehyun ဟင်းချက်ကျွမ်းကျင်တဲ့အဆင့်က စားဖိုးမှူးLevel လောက်ရှိပေမယ့် ပျင်းတာကြောင့်နေ့တိုင်းဟင်းချက်မစားဖြစ် အဲ့ချိန် အိမ်ရှေ့က ဘဲလ်တီးသံကြောင့် သူတံခါးသွားဖွင့်ပေးတော့ Doyoung Hyung က hoodie လေးဝတ်ထားကာ သူ့ကိုလက်ထောင်ပြလိုက်ရင်း
"Hi"
"အင်း Hyung ကကျွန်တော့်ကိုထမင်းချက်ကျွေးမှာမှတ်လား"
"ဘာရယ် မင်းနော် မင်းချက်ကျွေးမယ်ဆိုလို့ရောက်လာတာ အမျိုးမျိုးမလုပ်နဲ့"