Part (1)

297 22 0
                                    

သာယာသော မနက်ခင်းတခုရဲ့
လှပတိတ်ဆိတ်နေသောကျောင်းဝန်းတခုတွင်
"Yaaaaa bang channnnnnn"
တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူမှာ
Kim Seungmin ပင်
'waee waee 😛😛😛'
ဟုပါတယ် Chan က Seungmin ကိုလိုက်စနေ
လို့ အော်ဟစ်သံပါ
'မင်းကို မလုပ်နဲ့လို့ပြောနေတယ်လေ နွားရဲ့'
'မင်းကအရမ်းတွေ cool guy ပုံလုပ်နေတာက်ို
Puppy လေးရဲ့ ' ပြောရင်း Seungmin
ဆံပင်တွေကို ဖိချနေတယ်
'ဟေ့ကောင်ဖယ်စမ်းကွာ ဒီဆံပင်ပုံရဖို့ ငါအစောကြီးထပြီး ပြင်လာရတာကွ
အလယ်တန်းနောက်ဆုံးနှစ်မှာ
ငါစော်ရစေရမယ်ကွ ဟ ဟ ဟ'
'ပေါတောတောနဲ့ ကိုကို့ရဲ့puppy လေးလုပ်
ဒီပုံနဲ့မလိုက်ဘူး လာ ကိုက်ိုလုပ်ပေးမယ်'
Seungmin ရဲ့gel ထောင်ထားတဲ့ ဆံပင်တွေကိုဖိချလိုက်သောအခါ
'Yaaaa ချီးကိုကို မင်းသေပြီ Chan'
'အ​သေမခံပါ ပြေးပါပြီ'
Chan ပြေးတဲ့နောက်ကို ဒေါသတကြီးလိုက်သွားတဲ့ Seungmin

ဒီနှကောင်ကိုကြည့်ပြီး Hyunjin ခေါင်းရမ်းမိတယ် သူတို့၃ယောက်အတူလာတာ ရန်ဖြစ်ပြီး
သူ့ကိုမေ့ထားခဲ့ပြီ Seungmin ကလည်း
ဒီနေ့မှ ခပ်အုပ်အုပ်ဆံပင်တွေကို gel ထောင်
လာလို့ Chan တ​ယောက်အလိုမကျစွာ အတင်းဖိချနေတာ အဲ့ကနေပြသနာတက်တော့တာပဲ
Hyunjin လည်းသူတို့နောက်ခပ်မှန်မှန်လျှောက်ပြီးလိုက်သွားလိုက်တယ်
ကို့အတွေနဲ့ကိုလမ်းလျှောက်နေတုန်း
"ဘုတ်"
"အာ့"
လူတယောက်နဲ့ ဝင်တိုက်မိလိုက်တာပင်
အခန်းဖက်သွားမလို့ ကွေ့လိုက်စဉ် အကွယ်က
လူနဲ့တိုက်မိလိုက်တာပဲ ဟိုဘက်ကပြေးလာတာမလို့ သူလှဲကျသွားတယ်

"Are you okay?"

စကားသံ ဩဩလေးကြားမှမော့ကြည့်မိတော့ သူ့လိုဆံပင်ရှည်လေးနဲ့ကောင်လေးတယောက် သူ့လောက်မရှည်ပေမဲ့ blond hair လေးနဲ့ ကောင်လေးက ဒီကမဟုတ်ဖူးထင်တယ်
Hyunjinလည်းထလိုက်ပြီး ဖုန်ခါကာ

"Yes" ဖြေပြီး အခန်းဖက်ဆက်သွားမလို့ ပြင်လိုက်ချိန် သူ့လက်ကောက်ဝတ်ကိုဆွဲလာသောလက်သေးသေးလေးတခု သူကြည့်လိုက်တော့ စောနကကောင်လေးဆွဲထားတာ

"Lix"
"ဟင်"
"ကျတော် နာမည် Lee Felix ပါ
Lixလို့ခေါ်လည်းရတယ်ဗျ ဩဇီကပြောင်းလာတာပါ အလယ်တန်းနောက်ဆုံးနှစ်ပါ ကူညီပေးပါဦး အကို"

ရှေ့က လက်ဆွဲပြီး အတင်းမိတ်ဆက်နေသောကောင်လေးကို ကြောင်ပြီးကြည့်နေမိတယ် အခုမှတွေ့တဲ့လူကို ဘလ်ိုတောင်ရဲတင်းလွန်းတဲ့ ကောင်းလေးလဲဟ

"အာ ဟုတ်" သူလည်းအပြုံးတုလေးနဲ့ဖြေလိုက်တယ်
"ဒါပဲလား အကို့နာမည်ရော အတန်းကရော?"
"Hwang Hyunjin ပါဗျ အလယ်တန်း
နောက်ဆုံးနှစ်ကပါဗျ"
"ဒါဆို Lix နဲ့တူတာပေါ့ အခန်းပျောက်နေလို့
ကူညီပါဦး"

ပျောက်မှာပေါ့ ပြေးလာတော့အခန်းကျော်လာတာကို Hyunjin တွေးလိုက်မိတယ်

'ကိုလဲ အခန်းထဲသွားမှာ ကိုနဲ့အတူလိုက်ခဲ့လေ'
'ဟုတ်'
ပြန်ဖြေ ပြီး လိုက်လာပါတယ် လက်ဆွဲပြီးတော့ပေါ့ အခုထိကိုမလွှတ်သေးပါ

Felix လူတယောက်နဲ့တိုက်မိတော့ ရန်လုပ်မလို့ကြည့်တော့ သူ့လို blond hair နဲ့ သူ့ထက်ဆံပင်ပိုရှည်တဲ့ ကောင်လေးတယောက်
ထိုအချိန်တွေးမိတာက ဆံပင်ရှည်လာရင်
မညှပ်တော့ဘူးဟုပင် ရှေ့ကတယောက်က ယောကျာ်လေးပေမဲ့
လှလွန်းလို့ ရန်တွေ့မဲ့စိတ်ကလေးပျောက်ကာ
အဆင်ပြေလာမေးမိတယ် yes တလုံးဖြေပြီး
ထွက်သွားဖို့လုပ်တော့ ဒီလူချောလေးရဲ့
နာမည်တော့သိမှဖြစ်မယ်ဆိုပြီး
အတင်းမိတ်ဆက်လိုက်တာ အခုတော့ လူချောလေးရဲ့ လက်ကိုင်ပြီး သူ့နောက်လိုက်ခဲ့ရပြီ
Lee Felix ဆိုတာ အခွင့်အရေးကိုရအောင်ယူလိုက်ရမှ 😎😎😎
အတန်းရှေ့ရောက်တော့
"Felix ဒီအခန်းပဲ "
"ဟုတ်"
ထိုစဉ်နောက်ကနေ
"ကျောင်းသားသစ်" ဆရာမခေါ်တာ
"ဟုတ် Lee Felix ပါ"
"အို ဩဇီကပြောင်းလာတာဆို
အခန်းထဲဝင်ကြရအောင်"
"ဟုတ်ကဲ့"
Felix ကြည့်လိုက်တော့ Hyunjin က အခန်းထဲရောက်နေပြီ
"ကဲသား မိတ်ဆက်ပြီး အဆင်ပြေတဲ့ခုံမှာ
ထိုင်နော်"
"Hi Lee Felix ပါ ဒီနှစ်မှ ဩဇီကပြောင်းလာတာပါခဗျ ရှေ့လျှောက်ကူညီပေးကြပါဦး "
Felix လည်းနှုတ်ဆက်ပြီး Hyunjin ဘေးက
လွတ်နေသောခုံဆီသို့
"အကို ကျတော်ထိုင်လို့ရလား"
"ထိုင်လေ ''
ကျတော် အကို့ဘေးထိုင်တော့ ရှေ့က
နှယောက်က လှည့်ကြည့်လာတယ်
"Felix နော် ငါက bang Chan
ငါလည်းဩဇီသားပဲ "
"အာဟုတ်လား"
"သူက seungmin "
'ဟေ့ကောငိ ငါ့မှာပါးစပ်ပါတယ် ကို့ဘာသာ
မိတ်ဆက်မယ်'
'ဟီး Felix ငါတို့နဲ့ခင်လို့ရတယ်နော်'
Puppy eyeလေးတွေနဲ့ ပြောလာတဲ့ Seungmin ဆိုတဲ့တယောက်
"ဟေ့ရောင် Hyunjin မိတ်ဆက်လိုက်ဦးလေ"
"အကိုနဲ့က သိပြီးပြီ ခုနကလူချင်းတိုက်မိထဲက"
"အော် "
"အော် မနေနဲ့ ရှေ့လှည့်တော့ စာသင်တော့မှာ"
Hyunjin ဟောက်လိုက်မှ နှယောက်သားရှေ့လှည့်သွားတယ်
" ကိုရယ် Chan ရယ် min ရယ်က
ငယ်သူငယ်ချင်းတွေ"
"ဟုတ်ကဲ့ ကျတော် အကိုတို့နဲ့ သူငယ်ချင်း
လုပ်လို့ရတယ်မလား "
"ရတယ် မင်းမှာလည်းသူငယ်ချင်းမရှိဘူးမလား"
"ဟုတ် lix လို့ခေါ်လို့ရတယ်အကို ""
"ဟုတ်ပြီ Lix "

First love Where stories live. Discover now