(uni)
"အိမ်ရှေ့စံမင်းသမီးရော"
ညီလာခံပလ္လင်ထပ်မှာ ကျက်သရေရှိစွာထိုင်နေသော
ဘုရင်မင်းမြတ်ဂင်မင်ယွန်ဟာ အိမ်ရှေ့စံအရိုက်အရာ
အားအပ်နှင်းထားပြီးဖြစ်သော ဂင်လီလီကိုမေးသည်။ ဂင်လီလီ ညီလာခံကိုရောက်မလာသေး
သဖြင့်အမတ်များလည်းတီးတိုးပြောဆိုနေကြသည်။
ဒီနေ့ဟာ ဂင်လီလီ အိမ်ရှေ့စံအရိုက်အရာ ကိုဆက်
ခံ ပြီးနောက် ပထမ ဆုံး တတ်ရောက်ရမည့်
ညီလာခံ အစည်းအဝေးဖြစ်သည်။"အိမ်ရှေ့စံမင်းသမီးကြွချီလာပါပြီ"
ဟူသောအသံအားတိတ်ဆိတ်နေသောညီလာခံ
ဟောခန်းအတွင်းသို့ဖြိုးခွင်းဝင်ရောက်လာသည်။
ကျွန်းတံခါးမကြီးနှစ်ခုကိုရဲမက်နှစ်ယောက်အားယူ
ဖွင့်လိုက်သည်နှင့်အပေါက်ဝတွင် suitအပြည့်နှင့်
မတ်တပ်ရပ်နေသော လီလီ။ ခေါင်းကိုမမော့ပါဘဲ
ရာဇပလ္လင်ထပ်တွင်ထိုင်နေသောဖခမည်းတော်အား
မျက်လုံးလန်ကြည့်လိုက်ရာ ဖခမည်းတော် ၏
မျက်ခုံးတွန့်ချိုးအကြည့်နှင့်ဆုံသည်။ ဂင်လီလီ
မချိပြုံးပြုံးလိုက်၏။ ဖခမည်းတော် နှင့်မိုးလင်း
ကတည်းက သင့်မြတ်နေပါလျှင် ဂင်လီလီ လူစား
ထိုးခံထားရတာဘဲ ဖြစ်ပါလိမ့်မည်။ဟောခန်းထဲသို့ တရွေ့ရွေ့လျောက်ဝင်သွားရင်း
ဘုရင်မင်းမြတ် ပုလ္လင် ထပ် တစ်ဆင့်နိမ့်သော
ပုလ္လင် ငယ် တွင် ဝင်ထိုင်သည်။ သူမ လာမှ
တီးတိုးပြောနေကြသောအမတ်များသည်လည်း
ခါးများမတ်သွားကာအသံဆိတ်သွားတော့၏။
အရှင်မင်းကြီးသည် သက်ပြင်းရှည်တစ်ချက်
ရှိုက်ထုတ်လိုက်ပြီး" လာမယ့် တစ်ပတ် အတွင်းမှာ အိမ်နီးချင်း
နိုင်ငံ တစ်နိုင်ငံ နဲ့ ချစ်ကြည်ရေး ဆွေးနွေးပွဲရှိ
လေတယ်။ ဒီ ချစ်ကြည်ရေး က ငါကိုယ်တော်
တို့နိုင်ငံအတွက်လည်း စစ်ရေးစစ်ရာအထောက်
အကူပြုနိုင်တယ်။ မောင် မင်း တို့ ဘာ ကန့်ကွက်
စရာရှိသလဲ။ "ထိုအခါ အမတ်များထဲတွင်ရာထူးအကြီးဆုံးဟု
ထင်ရသော အမတ်ကြီးတစ်ယောက်က"အရှင်မင်းကြီးဘုရား။ ကျွန်တော်မျိုးတို့နိုင်ငံက
အိမ်နီးချင်းနိုင်ငံတွေကို အလည်ဖိတ်ခဲမှန်း ကျွန်တော်
မျိုးတို့အတပ်သိကြောင်းပါ။ သို့ပေသည့် အဘယ်
ကြောင့် မြောက်ပိုင်းနိုင်ငံတော်ကို ရွေးချယ် ဖိတ်ခေါ်
မှန်းကျွန်တော်မျိုးတို့နားမလည်ကြောင်းပါ"
YOU ARE READING
THE CROWN PRINCESS AND HER LOVER
Fanfiction"သူ့ကိုသတ်ပစ်လိုက်ပါ အရှင်မင်းသမီး။" သေနတ်ကိုင်ထားတဲ့လီလီရဲ့လက်ဖြား တွေဟာတုန်ရီအေးစက်လို့နေသည်။ သူမ ရဲ့ဝမ်းနည်းသလိုမျက်ဝန်းအစုံဟာ သေနတ်ကိုတုန်တုန်ရီရီကိုင်ထားတဲ့ မျက်ရည်ဝဲ နေသည့် လီလီကို ချီတုံချတုံ ဖြစ်စေသည်။ "အရှင်မင်းသမီး!တွေဝေ တုန့်ဆိုင်းမနေ သင...