အမှာစာ

504 41 0
                                    

ဟယ်လို…
အခု မီးခြစ်ဆံပုံပြင်ရဲ့ မူရင်း ဝတ္ထုလေးကို သီးသန့်တင်ပေးချင်လို့ The Matches ဆိုတဲ့ ပေ့ချ်လေးကို ဖွင့်လိုက်ပါတယ်။ မီးခြစ်ဆံပုံပြင်ရဲ့ မူရင်းဝတ္ထုဟာ The Matches ဆိုတဲ့ Fics လာတာဖြစ်ပြီး ဇာတ်လမ်းဖြစ်ပေါ်လာပုံလေးကို အရင်ရှင်းပြချင်ပါတယ်။

The Matches ရဲ့  အိုင်ဒီယာကို ၂၀၁၆ လောက်က မေမိုး 5 plus မှာ အလုပ်လုပ်ရင်း လူနဲ့သရဲ ပေါင်းထားတဲ့ တစ်ကွက်စာ ဇာတ်ဝင်ခန်းကို ရေးခဲ့ပါတယ်။ အဲဒီ့စာလေးကို ကိုစဝ်ခွန်စစ်က ဖတ်မိပြီး သူ့ရဲ့ အားပေးမှုကြောင့်ပဲ စီးရီးလောက်ထိ လုပ်ဖို့ အကြံဖြစ်ပေါ်ခဲ့ပါတယ်။

ကြားထဲမှာ အကြောင်းအမျိုးမျိုးကြောင့် မေမိုး က ဇာတ်ညွှန်းဘက်ပိုင်းမှာ သင်ယူနေချိန်အတွင်း ဇာတ်နဲ့ ပတ်သက်ပြီး ကိုယ်လိုချင်တဲ့အချက်အနည်းငယ် ပြောပြပြီး စာရေးသူ Edward Htet ကို သူ့စိတ်အတိုင်း ပုံဖော်ဖို့ အပ်ခဲ့ပါတယ်။ ဒါကြောင့် The Matches ရဲ့ စာရေးသူဟာ Edward Htet ပါ။ Edward Htet နဲ့ ဇာတ်ညွှန်းရေးသူ မေမိုးဟာ ဒီဇာတ်လမ်းအတွက် အိုင်ဒီယာကို အတူတူ develop လုပ်ခဲ့ကြပေမဲ့ ဇာတ်လမ်းကိုတော့ Edward Htet က အရင်ရေးသားထားခဲ့တာပါ။ သူ့ ဇာတ်လမ်း အလုံးစုံပြီးမြောက်တော့မှသာ မေမိုးက ကိုစဝ်ခွန်စစ်တို့ ချန်နယ်ကို Pitch လုပ်ခဲ့ပြီး ရိုက်ကူးရဖို့ထိ ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းစ‌တည်ပြီး ရေးပြီးတဲ့အချိန်ကနေ စပြီး ဇာတ်လမ်းရိုက်ကူးထုတ်လွှင့်ချိန်ထိ အများကြီး အချိန်ကြာမြင့်ခဲ့တာပါ။

အခုတော့ The Matches ရဲ့ မူရင်း ဝတ္ထုလေးကို တင်ပေးချင်ပါတယ်။ မူရင်းဝတ္ထုနဲ့ ဇာတ်ညွှန်းဟာ အများကြီး ကွာခြားပါတယ်။ ဒါလေးကို စာဖတ်သူတွေကို အရင် အသိပေးပါရစေ။

၁။ ဝတ္ထုဟာ BL အနေနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
၂။ မူရင်းဝတ္ထုထဲက မင်းသားနာမည်က နေဝန်းသစ် နဲ့ ဝေလင်း ဖြစ်ပါတယ်။ ဇာတ်ညွှန်းရေးချင်မှာ နေဝန်း နဲ့ ဝေလင်းနဲ့က စကားလုံးခေါ်ရတာ ရောမှာ စိုးတာကြောင့် နေမင်းသစ်လို့ ပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။
၃။ ဝတ္ထုထဲက နေဝန်းသစ်ရဲ့ ရောဂါဟာ DID ဖြစ်ပြီး သူ့ကိုယ်ပွားတွေကို သူ ပြန်မြင်နေရတဲ့ပုံစံမျိုးနဲ့ ရေးသားထားခဲ့ပါတယ်။
၄။ နေဝန်းသစ်ကို ကုသပေးတဲ့ ဆရာဝန်ဟာ ဒေါက်တာကေသီဖြစ်ပြီး ဒေါက်တာရဲ့ အမျိုးသားဟာ နေဝန်းသစ်ရဲ့ ကော်ဖီဆိုင်ပိုင်ရှင် ကိုချမ်းမြေ့ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ‌တော့ ဒေါက်တာကေသီကို လျှော့ခဲ့ပြီး ကိုချမ်းမြေ့ကို ဒေါက်တာချမ်းမြေ့အဖြစ် ရာထူးတိုးပေးခဲ့ပါတယ်။
၅။ ဝတ္ထုထဲမှာ ဝေလင်းက အကောင်သေးပြီး နေမင်းသစ်က အကောင်ကြီးပါတယ်။
၆။ ဝတ္ထုထဲက အရမ်း dark ဖြစ်တဲ့ တချို့ အစိတ်အပိုင်းတွေကို ဖြုတ်ခဲ့ပြီး ရိုတဲ့အပိုင်းတချို့ကိုလည်း ချန်ခဲ့ရပါတယ်။
၇။ ဝတ္ထုက နဂို ၁၆ပိုင်း ရှိပေမဲ့ အခုတော့ နှစ်ပိုင်းကို တစ်ပိုင်း ပေါင်းပြီး ၈ ပိုင်း ပြန်တင်ပေးပါမယ်။

မတူညီတာလေးတွေကို ချစ်သောမျက်စိနဲ့ ဖတ်ပေး ခံစားပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ အားပေးမယ့်သူလေးတွေပေါ် မူတည်ပြီး မီးခြစ်ဆံလေးက ဘယ်လိုပုံစံမျိုး ထပ်မံတောက်ပနိုင်မလဲဆိုတာကို သိခွင့်ရပါရစေ။

#thematches #novel #maymoe #edwardhtet

The MatchesWhere stories live. Discover now