The Matches
........................
အပိုင်း (၅)
.....................
"ဒါဆိုခရီးသွားရမှာပေါ့။ ကောင်းတယ်။မနက်ဖြန်သွားကြမလား။"
ဒီအိမ်မှာပဲနေရတာကြာနေပြီမို့ နေဝန်းသစ်က ခရီးသွားရမယ် ပြောတော့ ပျော်သွားမိကာ မေးလိုက်သည်။
"မနက်ဖြန်သွားလို့တော့မရသေးဘူးလေ။ ကျွန်တော်စီစဉ်စရာရှိတာတွေစီစဉ်ရဦးမယ်။"
"အလုပ်ကနေခွင့်ယူရမှာကိုပြောတာလား။"
"အင်း"
"ရပါတယ်... လုပ်ရမှာပေါ့... ဒါနဲ့နောက်ရက်ကျ အပြင်ခေါ်သွားဦးနော် ညီလေး"
ညီလေးလို့ခေါ်လိုက်တော့ သူ့မျက်နှာ မသိမသာမဲ့သွားသည်။ ကျွန်တော်လဲရယ်ချင်တာကိုအောင့်ထားကာ မသိချင်ယောင်ဆောင်နေလိုက်သည်။
"ညီလေး လို့မခေါ်ပါနဲ့"
"အဲ့ဒါဆို ဘယ်လိုခေါ်ရမှာလဲ။ မင်းနာမည်အပြည့်အစုံကိုလဲ အကိုက မသိဘူးလေ"
"နာမည်က နေဝန်းသစ်...နာမည်ကတော့ ဘယ်လိုခေါ်ခေါ် အဆင်မပြေဘူး။ ကြိုက်သလိုသာခေါ်...ခင်ဗျားကိုလဲ အကို လို့မခေါ်နိုင်ဘူး။ ကြိုပြောထားတာ"
"အင်း...စဉ်းစားလိုက်ဦးမယ်.....ဒါဆို ဝန်း လို့ခေါ်မယ်။"
"ဒီအတိုင်း မင်းနဲ့ငါပဲ သုံးပြီး ပြောလဲရပါတယ်ဗျာ။ ခင်ဗျားက ကျွန်တော်တစ်ယောက်တည်းနဲ့ပဲ စကားပြောလို့ ရမှာပဲဟာ။"
"ပြီးရော ဒါဆိုလဲ ညီလေးပဲခေါ်မှာ။"
ကျွန်တော်က မကြားတကြားပြောလိုက်တော့ သူက
"ဘာတွေပွစိပွစိပြောနေတာလဲ။ အကုန်ကြားနေရတယ်။"
"ကြားရင်လဲပြီးတာပဲလေ။ ခရီးသွားဖို့အားမွေးရမယ်။ အနားယူတော့"
"တစ်ခုခုများမှတ်မိလာမလားလို့ ခင်ဗျားလဲစဉ်းစားကြည့်ထားဦး။ နောက်တစ်ပတ်လောက်နေရင် ခရီးသွားမယ်။"
ကျွန်တော်ကခေါင်းညိတ်ပြလိုက်တော့ သူက မီးကိုငြှိမ်းလိုက်ကာ အိပ်သွားလေသည်။ ကျွန်တော် မအိပ်ခင် တစ်ခွန်းတော့ ပြောလိုက်သေးသည်။ မီးငြှိမ်းလိုက်လို့ သူမကြားတော့ပေမဲ့လို့။