"လူနာကြည့်တာဘယ်တော့ ပြီးမှာလဲ ဟင်။
ညစာတူတူစားချင်လို့။"နောက်ကျောဘက်ကနေထွေးဖက်ရင်း ချွဲသလို
ပြောလာတဲ့အသံလေးကြောင့် မြတ်ဘုန်းဇိုင်းမာန်
လူနာ ဓာတ်မှန်ကိုကြည့်နေတာချလိုက်ပြီးခါးမှ
လက်သွယ်သွယ်လေးနှစ်ဖက်အားပြန်လည်အုပ်မိုး
ကိုင်လိုက်သည်။ သူမလေးက နေ့ခင်း ၃နာရီကနေ
ယခု duty ဆင်းခါနီး 8hrထိစောင့်နေရတာဆို
တော့လည်း ညီးညူ ရင်တောင်သူမ အမှား
တော့မဟုတ်။ သူမဟာ မြတ်ဘုန်းဇိုင်းမာန် အသဲ
နစ်အောင်ချစ်ရတဲ့ ချစ်သူမိန်းကလေး ရင်နစ်ဆူး
ဖြစ်သည်။"bby ကို Koko ပြောတယ်မဟုတ်လား။
ဆာရင် coffee နဲ့မုန့်လေးစားထားနှင့်ပါဆိုတာ။
အခုပေတေစောင့်နေတော့ bby အဆာလွန်နေပြီ"ရင်နစ်ဆူး က ချစ်သူဖြစ်သူစကားကိုကြားပြီး
ခါးကိုဖက်ထားသည့်လက်အားဆတ်ခနဲဖယ်လိုက်
၏။ မြတ်ဘုန်းဇိုင်းမာန် လည်း "hum"ခနဲ ဖြစ်ကာ
နောက်လှည့်ကြည့်လိုက်တော့ လက်ပိုက်ရင်းဆူကောက်နေတဲ့မျက်နာဘေးနဲ့ ရင်နစ်ဆူး ရယ်ပါ။" bby ကိုကိုက အဲ့လိုပြောတာမဟုတ်ဘူး။
bbyကိုဆူနေတာမဟုတ်ဘူး။ bby ဗိုက်ဆာနေ
တာကိုမကြည့်ရက်...""ပြန်တော့မယ်ရယ်"
မြတ်ဘုန်းဇိုင်းမာန် စကားမဆုံးခင်ဖြတ်ပြော
လိုက်ပြီးမိမိ လွယ်နေကြ ဘေးလွယ်အိတ်ကို
ဆွဲယူလိုက်သည်။ ရင်နစ်ဆူး ဟာထိုမျှစိတ်ဆတ်
သေး၏။"bby ရာ..."
မြတ်ဘုန်းဇိုင်းမာန် တံခါးနားသို့ရောက်နေသော
ရင်နစ်ဆူး ရဲ့ လက်လှမ်းကိုနောက်ကဖမ်းဆွဲလိုက်ပြီး"KoKoတို့ အစည်းအဝေးရှိနေသေးလို့။
သိတဲ့အတိုင်း CEOက အကြာကြီးဟောပြော
တတ်တာ။ Doctor တွေအကုန်လုံးကိုအဲ့မှာ
coffee နဲ့မုန့်ကြွေးကြမှာ။ Bbyကတော့ ဗိုက်
ဟောင်းလောင်းနဲ့စောင့်နေရမယ်လေ။ ကိုကိုက
စိတ်ပူလို့ပါ။ Bbyကိုအမြဲကျန်းမာနေစေချင်တယ်"ရင်နစ်ဆူး က သက်ပြင်းရှည်ကြီးချလိုက်ပြီး
ဇိုင်းမာန်ကိုပွေ့ဖက်လိုက်ပါသည်။ သူမသည်လည်း
စိတ်လျှော့လိုက်ဟန်တူသည်။တွဲလာတဲ့ ဒေါက်လျောက် ဇိုင်းမာန်ကဘဲ သူမကိုအမြဲလိုက်ချော့ရ
လိုက်ဆွဲရ နှင့်ဆိုတော့ ကြာလာသော်လည်း သံယောဇဉ် များထပ်တိုးလာခဲ့သည်။
သူမကိုတစ်ခါမှ ချုပ်နှောင်ခြင်းလည်းမရှိ၊
ပိတ်ပင်ခြင်းလည်းမရှိ အရာရာကိုနားလည်ပေး
တဲ့ မြတ်ဘုန်းဇိုင်းမာန် ရဲ့ ချစ်ခြင်းမေတ္တာကို
မည်သည့်အရာနှင့်တိုင်းတာရမည်နည်း။
မည်သူ၏ချစ်ခြင်းနှင့်တိုင်းတာရမည်နည်း။
YOU ARE READING
သစ္စာကျွန်
RomanceဒီFicဟာ ဖြစ်ရပ်မှန်တစ်ချို့ကိုအခြေခံယူပြီးဇာတ်အိမ်တည်ထားတာဖြစ်တဲ့ GL×normal Ficဖြစ်ပါတယ်။ ဒီFicက ဇာတ်ကောင်တွေကိုယ်တိုင်တောင်ဘယ်လိုအဆုံးသတ်ဖြစ်မလဲမသိနိုင်တဲ့Ficမျိုးလည်းဖြစ်တယ်။နှလုံးသားရေးရာကိစ္စတွေနဲ့ပက်သပ်ပြီး အကောင်းဆုံး messages တွေပါဝင်တာကိုလည...