EP-2(Zawgyi)

23 2 0
                                    


မြတ်ဘုန်းဇိုင်းမာန် အလုပ်တွေအကုန်လက်စသပ်ပြီး duty ဆင်းတော့မှာမို့ locker ထဲက မိမိလွယ်နေကြလွယ်အိတ်ကိုထုတ်လိုက်သည်။
သို့ပေမယ့် သူနာပြု မလေး တစ်ယောက် ကအရေး
တကြီး သူ့ဆီသို့ပြေးလာကာ

" Doctor! Doctor!"

မြတ်ဘုန်းဇိုင်းမာန်လည်း မျက်ခုံးများပင့်သပ်
ကာ

"ဘာဖြစ်လို့လဲ"

" လူနာတစ်ယောက် ခြေထောက်ဒဏ်ရာကြီးနဲ့
ရောက်လာလို့သွေးတွေနဲ့အတော်များတယ်
တခြား doctor တွေကလည်း duty လဲ ကြချိန်မို့
ဖမ်းမရလို့ Doctor "

မြတ်ဘုန်းဇိုင်းမာန် ခေါင်းတညိမ့်ညိမ့်နှင့် လွယ်အိတ်
ကို locker ထဲ ပြန်ထည့်လိုက်သည်။ဒီည ဒီမှာမအိပ်
လိုက်ရလျှင်တောင်ကံကောင်းလှပြီ။ ဆေးခန်းတံခါး
ကိုဖွင့်လိုက်ပြီး လူနာကိုကြည့်လိုက်ရာ အံ့သြ သွား
သလိုဖြစ်သွားတဲ့မျက်နာထားကို အလျှင်အမြန် ပြင်
လိုက်ရသည်။ သူနာပြုကို ဆေးထည့်ရန်လိုအပ်
သော ပစ္စည်းများ နှင့် ကွဲနေသော ခြေထောက်
အားချုပ်ရန် လိုအပ်သည့် ပစ္စည်းများအား
ပိုးသတ်သန့်စင်စေ၍ယူလာစေလိုက်ပြီး သွေး
တိတ်အောင်အရင်ပြုထားလိုက်၏။

"တခုခုနဲ့ခိုက်မိတာတော့ မဟုတ်ဘူး မဟုတ်လား?"

ထုံးဆေးပေးပြီးနောက်​​ခြေထောက်ကိုချုပ်ရင်း
လူနာကိုမေးလိုက်သည်။ မြတ်ဘုန်းဇိုင်းမာန် ဟာ
လူနာရဲ့မျက်နာကို လုံးဝမော့မကြည့်ပါ​ဘဲ
ထိုးခွဲခံထားရတဲ့ ခြေထောက်ကိုသာ မနာကျင်
ရလေအောင် ကျွမ်းကျင်စွာချုပ်ပေးနေသည်။
လူနာ မိန်းကလေး သည် မြတ်ဘုန်းဇိုင်းမာန် အမေး
ကိုဘာမှပြန်မဖြေဘဲ မြတ်ဘုန်းဇိုင်းမာန် အား
ပြုံးကြည့်နေ၏။ ပတ်တီးစည်းပေးရန်အနားသို့
ရောက်လာသော သူနာပြု ကြောင့် သူနာပြု
လက်ထဲက ပတ်တီးကို မြတ်ဘုန်းဇိုင်းမာန်
ယူလိုက်ပြီး

"ကျွန်တော်ဘဲ ဆက်လုပ်လိုက်ပါတော့မယ်။"

ပုံမှန်ဆိုလျှင်ဒီလိုအ​သေးအမွှားပတ်တီးစည်း
တာလောက်ကို သူနာပြုများသာလုပ်ပေးရသည်။
doctorများမှာမူ အရေးတကြီးကိစ္စများနှင့် လူနာ ကျန်းမာရေးစစ်ပေးခြင်း၊ဆေးပေးခြင်း၊တခြားသောခွဲရချုပ်ရ ကိစ္စများကိုတာဝန်ယူသည်။ သို့ပေသည့်
Doctor ပြောတာမို့သူနာပြုမလေးလည်းဘာမှ
ပြန်မပြောရဲဘဲ ထွက်သွားလေသည်။

You've reached the end of published parts.

⏰ Last updated: Nov 04, 2023 ⏰

Add this story to your Library to get notified about new parts!

သစ္စာကျွန်Where stories live. Discover now