အပိုင်း ( ၁ )

17 2 0
                                    

⚽ * ဘုတ် !
   
    * ခလွမ်း !

" အမလေး သေပါပီတော့ "

သံပြိုင်သုံးသံ ရှေ့ဆင့်နောက်ဆင့်ကြားလိုက်ရ၍
တက္ကသိုလ်တက်ရန်ကျောင်းရွေးဖို့ တိုင်ပင်နေကြသော သူငယ်ချင်းသုံးယောက် အလန့်တကြားဖြင့် အသံလာရာ အိမ်မကြီးဘက်ကို လှမ်းကြည့်လိုက်တော့ အိမ်အကူ မစုတယောက် နာကျင်နေဟန်ဖြင့် ခေါင်းကိုပွတ်နေသည် ။

မြေပြင်ပေါ်တွင်လည်း သယ်လာသောစားသောက်စရာတွေကလည်း ပြန့်ကြဲနေပီး အနီးအနားမှာ ဘောလုံးတလုံးက ရှိနေပြန်သည် ။
တရားခံက ဒီဘောလုံးကလွဲ ဘာဖြစ်ဦးမလဲ ။

" မစု ဘယ်နားခိုင်းမိသွားတာလဲ ခေါင်းထိသွားတာလား "

အကိုလေးက မစုအနားကိုပြေးလာပီး စိတ်ပူဟန်ဖြင့်မေးရှာသည် ။ မစုလည်း ဒီတခါထိချက်က တကယ်ပြင်းပီး ခေါင်းထဲမှာ အီစိမ့်သွားတာမို့ ချက်ချင်းပြန်မဖြေနိုင်သေးပေ ။ အကိုလေးက အသာတွဲပေးပီး အလှပန်းပင်တွေ စိုက်ပျိုးထားရာ အုတ်ဘောင်ပေါ်ကို ထိုင်စေပီး ခေါင်းကိုလည်း သေချာကြည့်ပေးရှာသည် ။

" ခေါင်းမူးသွားပီထင်တယ် တအားမူးနေလား မစု "

" ဒီတခါထိချက်က ပြင်းလွန်းလို့ မစုတော့ ခေါင်းကြီးပါ ပြုတ်ထွက်သွားပီလို့ကို အောက်မေ့လိုက်တာ အကိုလေးရယ် "

မစုက ထိုသို့ပြောတော့ အကိုလေးက ခပ်ဟဟရယ်ပီး

" မစုဘဲ အမြဲကံထူးနေတော့တာဘဲ ဟ' ဟ "

နဂိုနာကျင်နေတဲ့မျက်နှာကနေ အကိုလေးစကားကြောင့် ပိုမဲ့သွားပီး စိတ်ထဲမှ ဘေးအိမ်မှငမွှေထိုးလေးတွေကို ကြိမ်ဆဲမိတော့သည် ။
အကိုလေးပြောလည်း ပြောချင်စရာပင် အဲ့ဘက်ခြံက ကလေးတွေ ဘောလုံးကန်မှာ မစုတယောက်သိပ်ကြောက်တာပင် ။ တခါတလေ ဘောလုံးက အုတ်တံတိုင်းပေါ်က သံဆူးကြိုးမှာငြိလို့ငြိ မဟုတ်ရင် ဒီဘက်ခြံဘက်ကျလာပီး ပန်းအိုးတွေကွဲလို့ကွဲ ၊ မစုလည်း အဲ့ဘောလုံးစာမိတာ ဘယ်နှခါမှန်းမသိတော့ပေ ၊ ဒီတခါကတော့ အအီဆုံးပင်ဖြစ်သည် ။

သူငယ်ချင်းဖြစ်သူတွေ အနားရောက်လာတော့ မစုကို အိမ်ထဲ၀င်နားခိုင်းပီး ပစ္စည်းတွေသိမ်းဖို့ ကောင်မလေးတယောက်ကို လွှတ်ခိုင်းလိုက်သည်။အနားမှာရှိတဲ့ တရားခံဘောလုံးကိုလည်း ကောက်ယူလိုက်သည် ။

Forever ( ထာ၀ရ )Where stories live. Discover now