Royal Bond : 2

193 29 6
                                    

မငြိမ်သက်သော လေအစုန်ကို ဖြိုခွင်းသွားသော မြှားလေးဟာ လူအများ၏ စိတ်လှုပ်ရှားမှုများအား အရေးမစိုက်ဟန်ဖြင့် ပစ်မှတ်၏ အလယ်တည့်တည့်သို့ စိုက်ကာ ရပ်သွားလေသည်။ ထိုအချိန်၌ ထွက်ပေါ်လာသည့် ဆူညံလှစွာသော လက်ခုပ်တီးသံတို့မှာလဲ မြိုင်မြိုင်ဆိုင်ဆိုင်။ လေးကို ကိုင်ထားသည့် ကောင်လေးမှာတော့ ရလဒ်အား ကျေနပ်သည့်ဟန် နှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့် ပေါ်လာရင်း လက်ထဲမှ လေးကို ဘေးက စင်ပေါ်မှာ ပြန်တင်ထားကာ မြှားပစ်သည့် စင်မြင့်ပေါ်မှ ဆင်းလာလိုက်တော့သည်။

{ကင်မ်တိုင်းပြည်၏ ‌အိမ်ရှေ့စံ မင်းသား ကင်မ်ဂယူဘင်း - အမှတ် 30}


အမှတ်ရေသည့် နေရာရှိ သစ်သားပြားပေါ်တွင် ပေါ်နေသည့် သူ့ရမှတ်ကို ကြည့်ကာ ဂယူဘင်း သဘောတကျ ပြုံးလိုက်မိသည်။ ဂယူဘင်း မိမိ၏ ကြိုးစားမှုများ အရာထင်သည့် အချိန်ကို အကျေနပ်ဆုံး ဖြစ်သည်။ သူ့ဘဝတွင် လိုချင်သည့် အရာများကို မရခဲ့သည့် အချိန်ဆိုသည်မှာ မရှိခဲ့ပေမယ့် ထိုကဲ့သို့ ရရှိခဲ့သည့် အကြိမ်တိုင်းတွင်လဲ မိမိ၏ ကြိုးစားအားထုတ်မှုကြောင့် ပြန်လည် ရရှိခဲ့သော ကြိုးစားမှု၏ အသီးအပွင့်များသာ ဖြစ်ခဲ့သည်။ သူတို့ တိုင်းပြည်၏ ဘုရင်ဖြစ်သည့် ခမည်းတော်ကိုယ်တိုင်မှာလဲ သူ့အား ထိုကဲ့သို့သော လူတစ်ယောက် ဖြစ်အောင် အမြဲ သွန်သင်ပေးခဲ့သည်ပဲလေ။


သူနေရာ၌ ဝင်ထိုင်လိုက်သည့် အချိန်တွင်တော့ ချွမ်ရွေ့က နေရာမှ ထလာသည်ကို သူမြင်လိုက်သည်မို့ သူ့ရမှတ်အား ပြထားသည့် နေရာကို မေးလှမ်းငေါ့ပြလိုက်တော့ ချွမ်‌ရွေ့ထံမှ စိတ်ပျက်သလို ကြည့်လာသည့် အကြည့်တစ်ခုအား သူပြန်ရလိုက်ပါသည်။ သူတစ်ချက်သာ ပြုံးမိရင်း သကောင့်သားအား စသလိုဖြင့် လက်သီးဆုပ်ပြရင်း ကြိုးစားထားဆိုသည့် ပုံစံလုပ်ပြလိုက်ကာ ချွမ်ရွေ့ စင်ပေါ်သို့ တက်သွားသည်အား ကြည့်နေလိုက်တော့သည်။ ဒုတိယ တစ်ချက်တွင် ပစ်မှတ်အား လွှဲချော်ကာ ၉ မှတ်သာ ရခဲ့သည်မို့ ချွမ်ရွေ့က သူ့အား တစ်မှတ်ဖြင့် ရှုံးနိမ့်သွားခဲ့သည်။

Royal Bond Where stories live. Discover now