EP 2

195 15 1
                                        

1978_ Repentance
EP 2

"Wise Man Says Only Fools .....''

အီသန် သီချင်းစဆိုတာနဲ့ ဆူးညံ့နေတဲ့လူအုပ်ကြီးဟာ အပ်ကျသံပင်မကြားရတော့အောင် ငြိမ်သတ်သွားလေသည်။
ဆောင်းဟွန် ခုချိန်ထိအကြည့်မလွှဲနိုင်သေးပါ။

"ဟေ့ကောင် ပြောတော့ မိန်းကလေးတစ်ယောက်ထပ်တော့ပိုမလှနိုင်ဘူးဆို"

ဂျယ်ယွန်းပြောမှ သတိဝင်သည်။

"တော်တော်လေးလှတဲ့အမျိုးသားပဲ နာမည်က အီသန်တဲ့လား
နာမည်ကောလူကောကစွဲမက်စရာပဲ"

အကြည့်မလွှဲနိုင်သေးပါဘူး အခုချိန်ထိ။

"အင်း ဒါပေမဲ့ ငါတို့အတွက်တော့ အဆိပ်လိုပဲ"

"ဟင် ဘာလို့"

"မင်းသိလား ဒီဘားထဲကိုဝင်ခွင့်ရဖို့ငွေဘယ်လောက်ထိကုန်လဲ"

ဟင့်အင်း ဆောင်းဟွန်းမသိဘူးလေ။

"ဝမ်သိန်းပေါင်းများစွာပေါ့ ဒီလူတွေအကုန်ကအီသန်ကိုကြည့်ဖို့ တစ်နေ့တည်းနဲ့ငွေအများကြီးသုံးထားရတာ"

ဝမ် သိန်း ဆိုသည်ကကျွန်တော်တို့လိုလူတွေအတွက်ကအများကြီးပဲ
တစ်နှစ်လုံးအလုပ်လုပ်ပြီး မစားပဲအငတ်ခံစုမှသာသိန်းလောက်ရမည်ဖြစ်သည်။မဖြစ်နိုင်တဲ့သူကိုချစ်မိသွားတာပဲ
မလွန်ခင်ပြင်ရမယ်။

"ပြန်ကြစို့ ဂျယ်ယွန်းရာ"

"ဘာလို့လဲ ခုနကကျမင်းပဲသေမတတ်စိုက်ကြည့်နေပြီးတော့"

"မစွဲလမ်းသင့်တဲ့အရာကို မစွဲလမ်းပဲ စောစောဖျက်ချခဲ့တာအကောင်းဆုံးပေါ့ အဆိပ်ဆိုတာ လူအတွက်ကောင်ကျိုးဘာရှိလို့လဲ"

"အင်း မင်းပြောတာလဲဟုတ်တာပဲ လာပြန်ကြစို့ကွာ ငါတို့ဘာသာ အန်တီချွဲ ဆိုင်သွားကြစို့ လာ "

မပြန်ခင်လေး မျက်နှာလေးတစ်ချက်လှည့်ကြည့်ချင်ပေမဲ့လည်း...
စိတ်ကိုထိန်းရင်ကျောခိုင်းထွက်လာခဲ့သည်။
ဆောင်ဟွန်းသာ လှည့်ကြည့်ခဲ့လျှင် သူကိုစိုက်ကြည့်နေတဲ့ မျက်ဝန်းလှလှလေး တစ်စုံကိုတွေ့ရမည်ဖြစ်သည်။
:
:
:

ငှက်သံ လူသံတို့ဆူညံ့လွန်း၍ ဆောင်းဟွန်းမျက်စိကိုဖြည်းဖြည်းခြင်းဖွင့်ကာ

You've reached the end of published parts.

⏰ Last updated: Nov 05, 2023 ⏰

Add this story to your Library to get notified about new parts!

1978_ RepentanceWhere stories live. Discover now