EP 1

291 13 0
                                    

1978_ Repentance
Ep1
1978ရဲ့ ကိုရီးယားမြို့တော်ကြီးတွေမှာ အပေါများဆုံးက အရက်ဆိုင် တစ်နည်းအားဖြင့် ဘားတွေပဲဖြစ်သည်။ဘားတွေကတော့အမျိုးစုံပဲရှိတယ် အထက်တန်းစားတစ်ဖြစ်လည်းဝန်ကြီးတွေ,နိုင်ငံရေးအထက်‌လူကြီး‌ေတွ အနားယူလေ့ရှိတဲ့ ဘာ‌း‌‌ေတွနဲ့ဆောင်ဟွန်းတို့လိုသာမာန်လူတန်းစားတွေအလုပ်ကပင်းပန်းသမျှလာအပန်းဖြေကြတဲ့ သာမာန်ဘားတွေပေါ့။အဲ့ထဲမှာမှ Sunset ဆိုတဲ့ ဘား က‌ေတာ့ နာမည်အကြီးဆုံးနဲ့ ဈေးအကြီးဆုံးပေါ့ ဆောင်းဟွန်းတို့လိုတစ်နေ့လုပ်တစ်နေ့စားသမားတွေအတွက်ကတော့အဲ့လိုနေရာကစိတ်ကူးတောင်ယဉ်ကြည့်လို့မရတဲ့နေရာပါ။
"ဆောင်းဟွန်း ရေ"
"အေး ဒီမှာ လာလာ"
သူငယ်ချင်းဂျယ်ယွန်းနဲ့ဘားသွားရန်ချိန်းထားခြင်းဖြစ်သည်။
"ငါတို့ဒီနေ့ ဟို ဘာတဲ့ sunsetဆိုလား အဲ့ ဘားသွားရအောင်"
"မဖြစ်နိုင်တာတွေကွာ ငါတို့ဆို အရိပ်နားတောင်ကပ်ခွင့်ရမှာမဟုတ်ဘူး စိတ်ကူးယဉ်မနေစမ်းပါနဲ့ကွာ"
တကယ်လဲဟုတ်သည်လေ ထိုနေရာဆိုတာ ဆောင်းဟွန်းတို့လိုလူတွေနဲ့ နည်းနည်းလေးမှမသတ်ဆိုင်ပေ။
"မင်းကလဲ ခုငါတို့လုပ်နေတဲ့ အလုပ်ပိုင်ရှင်သား နီခီကိုသိတယ်မလား ဟိုတလောကမှဂျပန်ကပြန်လာတာလေ"
"အေးလေ ဘာဖြစ်လဲ သူက''
"ဒီနေ့ သူ့မွေးနေ့တဲ့ကွ အဲ့တာ အဲ့ဘားမှာလုပ်မှာ ငါဖိတ်စာရထားတယ် သွားရအောင်ပါကွာ လာပါ"
"ဟာကွာ မင်းဟာကလဲဟုတ်မှလဲလုပ်ပါကွာ အဲ့လိုကောင်လား ငါ့တို့ကိုဖိတ်မှာ"
"မဖိတ်ဘူးလေ ငါကောက်ရလာတာကွာ မင်းပြောရတာကြာတာကွာ သွားကြစို့ပါဆို"
"ဟာ မဖိတ်ပဲနဲ့ အထဲရောက်မှ ကန်ထုတ်ခံနေရမယ်ကွ"
"ငါ့ကိုယုံ လာ သွားကြစို့"
"ဟာ ဟေ့ကောင်"
ဆောင်ဟွန်းလက်ကိုဇွတ်ဆွဲ၍သွားပါလေရော။မရုန်းတော့ပါဘူးလေ သူလဲတစ်ကြိမ်တစ်ခါလောက်တော့ရောက်ဖူးချင်ပါရဲ့။
Sunset ဘား သို့ရောက်စဉ်
"ဟာ နာမည်ကအလကားကြီးတာမဟုတ်ဘူးပဲ"
"အေးနော် တော်တော်လှတာကိုး"
ကျွန်တော်တို့ရှေ့မှာရှိနေတဲ့ အဆောက်အဦးကြီးက တော်တော်ခမ်းနားတယ်။အထပ်သုံးထပ်နှင့် မီးဆိုင်းများက ကျွန်တော်တို့ တစ်ခါမှမမြင်ဘူးသည့်ပုံစံပင်ဖြစ်သည်။ဒါကြောင့်ဈေးကြီးတာလဲ ဖြစ်နိုင်သည်။
"လာ သွားကြစို့"
ဂျယ်ယွန်းက ရှေ့ကဦးဆောင်သွားသည်။ ကျွန်တော်လဲငေးမောလျက် သူ့နောက်လိုက်သွားသည်။
"ရပ် မင်းတို့ဝင်ချင်တိုင်း ဝင်ရတဲ့နေရာမဟုတ်ဘူး"
အပေါက်ဝမှ လုံခြုံရေးလို့ထင်ရသည့်လူနှစ်ဦးကတားသည်။
နာမည်ကြီးဆိုတဲ့အတိုင်းပဲ မတူထူးခြားတာတွေကြည့်ပဲ ဆောင်ဟွန်းတို့သွားနေကြ ဘားဆို စိတ်ကြိုက်ဝင်ထွက်နိုင်သည်လေ။
ဂျယ်ယွန်းမှ "ဒီမယ် ဖိတ်စာ ငါတို့က အဖိတ်ခံထားရလို့လာတာကွ''
လုံခြုံရေးကြီးမှ ဆောင်းဟွန်းတို့ကိုတစ်ချက်ကြည့်ရင်း
"လက်မှတ်ကတော့မှန်သားပဲ ဒါပေမဲ့ မင်တို့ခိုးလာမလား''
''ဘာကွ ဒါငါတို့သူငယ်ချင်း 'နီခီ' ကဖိတ်ထားတာ သူကိုခေါ်လိုက်လို့ မင်းကသူ့သူငယ်ချင်းတွေကိုတားတယ်ဆိုရင် မင်းကိုဒီတိုင်းထားပါ့မလား''
လုံခြုံရေးကနည်းနည်း ထိတ်လန့်သွားဟန်ဖြင့် အခြားလုံခြုံရေးတစ်ဦးဘက်လှည့်ကာ
"လက်မှတ်ပါနေတာပဲ ဝင်ခွင့်ပေးလိုက်လို့ ငါတို့ပြဿနာမရှိပါဘူးနော်"
" ဝင်ခွင့်ပေးလိုက်ရအောင် ဒါဆို''
ဂျယ်ယွန်းတို့ဘက်လှည့်ကာ
"သွား ဝင်တော့''
ဆိုပြီး အပေါက်ဖွင့်ပေးသည်။
အတွင်းထဲမှာက ဆောင်ဟွန်းတို့သွားနေကျဘားတွေလိုမဟုတ်ဘဲ သပ်သပ်ရပ်ရပ်နဲ့
စားပွဲဝိုင်းလေးတွေ အခန်းကျယ်ကြီးထဲမှာမှ စာပွဲဝိုင်း (၁၀)ဝိုင်းပင်ရှိသည်။ ကောင်တာမှာ အရက်ဖျော်တဲ့ကောင်လေးနှစ်ယောက်ရယ် တီဝိုင်းလေးတစ်ခုရယ် အဲ့ဒီလောက်တောင်ရိုးရှင်းသည်လား။
ဈေးကြီးပေးရတာနဲ့မတန်ဘူးလို့တော့ ထင်မိသား။
"လာ ဟိုနားကဝိုင်းလူမရှိဘူး သွားထိုင်ကြစို့''
ဂျယ်ယွန်းကရှေ့ကဦးဆောင်သွားသည်။
"ဟေ့ကောင် ငါတို့ကို ဘယ်သူကမှ ဂရုမစိုက်သလိုပဲနော် တစ်ချက်တောင်မကြည့်ကြဘူး''
ဆောင်းဟွန်းကထိုင်ရင်းမှ ပြောလိုက်သည်
"မကြည့်တော့ ပိုကောင်းတာပေါ့ကွ''
"ငါပြောပြမယ် ဒီမယ် ဘာကနာမည်ကြီးလဲ သိလား"
ဂျယ်ယွန်းကမေးသည်
"ဘယ်သိမလဲ ခုမှရောက်ဖူးတာကို"
"ဒီဘားပိုင်ရှင်ရဲ့သား အီသန် ဆိုတဲ့ကောင်လေးပဲကွ''
"ဟင် ကောင်လေး"
ကောင်လေး ကောင်မလေးမဟုတ်ဘူးလား တစ်မျိုးပဲဟု ထင်မိသည်။
"အေးကွ အသံအရမ်းကောင်းတယ်တဲ့ ရုပ်ရည်ကလဲ တော်တော်လေးကို လှတာတဲ့ကွ"
"ချောတာမဟုတ်ဘူးလား''
အံ့ဩစွာဖြင့် မေးခွန်းထုတ်မိသည်။
"လှတာကွ လှတာ ငါတစ်ခါမြင်ဖူးတယ်''
"ဘယ်လို မင်းကဘယ်တုန်းက ဒီကိုလာဖူးလို့လဲ"
"မလာဖူးဘူးလေ မင်းအလုပ်မလာတဲ့နေ့က နီခီ စီကိုလာတာတဲ့ကွာ ငါနှယ် တစ်ခါမှမမြင်ဖူးဘူး အဲ့လိုလှတာမျိုးလေး"
"မိန်းကလေးတစ်‌ေယာက်လောက်တော့ လှမယ်မထင်ပါဘူးကွာ''
"ခနနေမင်းမြင်မှသိမယ် ငါဆို တစ်ခါတွေ့ပြီး နောက်ခါတွေ့တွေ့ချင်လွန်းလို့ အိပ်မပျော် စာမဝင်တဲ့အထိပဲကွ''
"ဘာ မင်း! အဲ့ကောင်လေးကိုတွေ့ချင်လို့ လက်မှတ်ကိုခိုးလာတာလို့တော့ မပြောနဲ့နော်"
ဂျယ်ယွန်းမှ ရယ်ကျဲကျဲနှင့်
"ဟုတ်တယ်ကွ"
"ဘာ !"
"အားလုံးပဲ‌ေစာင့်‌ေမျှာ်‌ေနကြတဲ့ကျွန်တော်တို့ သခင်လေး အီသန်ရဲ့ ဖျော်ဖြေမှုလေးစပါတော့မယ် ခဗျ"
ခုနကငြိမ်သတ်နေတဲ့ လူထုကြီးမှ လပ်ခုပ်သံတွေ
" အီသန်'' ''အို ကိုယ့်ရဲ့ မူးယစ်ဆေးလေး" "အလှလေးရေ.."
စသဖြင့် ဆူညံ့သံတွေထွက်လာတော့သည်။
ဆောင်းဟွန်းမှာလဲ ဂျယ်ယွန်းကိုရန်လုပ်ဖို့ပြင်နေစဉ်မှ စင်ပေါ်သို့ အာရုံရောက်သွားသည်။
ထိုစဉ် စင်ပေါ်သို့တတ်လာသော ကောင်လေးတစ်ယောက်
အဖြူရောင် Coat အမဲရောင် style pants နဲ့ ဆံပင်ကလေးတွေကခပ်အုပ်အုပ်
အို လှလိုက်တဲ့ မျက်ဝန်လေး
ဟင် သူကျွန်တော်ကိုကြည့်နေတာလား
1 . . .2. . . 3. . . .
သူအကြည့်လွှဲသွားပြီ သို့ပေမဲ့ ကျွန်တော် အကြည့်မလွှဲနိုင်တော့ဘူး
လူတစ်ယောက်ကိုချစ်မိဖို့ အချိန်အကြာကြီးမလိုဘူးဆိုတာမှန်တာဘဲ
ကျွန်တော်ဟာ ထိုကဲ့သို့သောအချိန်ခနလေးမှာပင်
ကိုယ်နဲ့မျိုးတူ အမျိုးသား တစ်ဦးကိုရင်ထဲကထိနစ်နစ်ကာကာချစ်မိသွားခဲ့ ပြီ......။

ထိုထဲပါ အကြောင်းအရာများသည် စာရေးသူဧ။်စိတ်ကူယဉ်သတ်သတ်သာဖြစ်ပြီး idol image ကိုထိခိုက်လိုစေခြင်းမရှိပါ။

1978_ RepentanceWhere stories live. Discover now