🐳

287 61 24
                                    

Unicode

ဂျိမ်း ... ဒလိန်းးးးးးး!!!!!

ပင်လယ်ပြာသမုဒ္ဒရာအတွင်း လေပြေညှင်းများ
တိုက်ခတ်နေရင်းဖြင့်ပင် လှိုင်းလုံးများကြီးလာသလို
လျှပ်နွယ်ပန်းခက်များသည်လည်း ကြီးမားသော
အသံကျယ်ကြီးနှင့်အတူ ဖြာထွက်လာသည်။
ပြာလဲ့နေသည့် အဆုံးမဲရေပြင်ကျယ်ကြီးဟာ
ရုတ်တရက်ဆိုသလို မည်းနက်လာသည်က
မုန်တိုင်းတစ်ခုကို အစပျိုးနေဟန်.....

" ဦးလေးရေ လုပ်ပါဦး မုန်တိုင်းလားမသိဘူး "

သင်္ဘောပေါ်မှ ကောင်လေးတစ်ယောက်၏
ထိပ်လန့်တကြားပြေးလာပြီး အော်ပြောသံကြောင့်
သင်္ဘောမောင်းနှင်သည့်နေရာတွင်ရှိနေသော
လူငါးဦးထဲမှ အသက်အကြီးဆုံးဖြစ်ဟန်တူသည့်
အဘိုးအိုသည် သင်္ဘောလက်ရန်းကိုကိုင်၍
လှိုင်းလုံးကြီးများကို ငုံကြည့်လိုက်သလို
ပင်လယ်ပြင်အတွင်း ကြီးစွာသောအသံပေါ်ထွက်နေသည့်
လျှပ်စီးကြောင်းများကိုလည်း မော့ကြည့်လိုက်သည်။

" ဒါက မုန်တိုင်းရဲ့လက္ခဏာမဟုတ်ဘူး ကောင်လေး "

" ဗျာ "

" မုန်တိုင်းကြောင့်ဆို ကောင်းကင်ကပါ
မည်းနက်လာရမှာလေ ဒါပေမဲ့ အခုက
ကောင်းကင်ကြီးက အရောင်မပြောင်းဖဲ
ဒီလိုဖြစ်နေပုံအရဆို အိမ်းးး ပင်လယ်ပြင်က
အင်အားကြီးတဲ့အရှင်တစ်ပါးကို ကြိုဆိုချင်ပုံရတယ် "

" အရှင်တစ်ပါး ဟုတ်လား ဘိုးဘိုး
ကျွန်တော်တော့ သိပ်နားမလည်ဘူး "

" အေးကွဲ့ လွန်ခဲ့တဲ့နှစ်လေးဆယ်ကျော်တုန်းကလည်း
ဒီလိုအလားသဏ္ဍန်တူတဲ့ဖြစ်ရပ်မျိုး အဘိုးကြုံဖူးတယ်
ပင်လယ်ပြာအရှင်အပြောင်းအလဲဖြစ်တဲ့အခါမျိုးနဲ့
ပင်လယ်ပြာအရှင်ဖြစ်မဲ့သူ မွေးဖွားလာတဲ့အခါမျိုးဆိုရင်
ဒီလိုဖြစ်လေ့ရှိတယ် မုန်တိုင်းအတွက် စိတ်ပူဖို့မလိုဘူး "

အဘိုးအို၏စကားအဆုံး ထိပ်လန့်နေဟန်တူသည့်
ကောင်လေးဟာလည်း စိတ်အေးသွားသည့်နှယ်။

" ဒါဆို ကျွန်တော်တို့ငယ်ငယ်ထဲကကြားဖူးလာတဲ့
အတ္တလန္တိတ်အရှင်ဒိုင်လန်နဲ့ သခင်မဒိုးရစ်တို့များ
အရှင်တစ်ပါးပါးကို မွေးဖွားလေသလားမသိဘူးနော် "

Atlas Jinحيث تعيش القصص. اكتشف الآن