1♡

442 45 8
                                    

ရာသီဥတုသာယာလှတဲ့ မနက်ခင်းတစ်ခုတွင် ခြံထဲ၌ အေးချမ်းစွာတစ်ယောက်တည်း အရုပ်တွေနဲ့‌ဆော့ကစားနေတဲ့ 8နှစ်အရွယ်ကလေးငယ်တစ်ယောက်ဟာ ကားရပ်သံ ကြားလိုက်ရ၏။

ထိုကလေးငယ်သည် ဘေးဘီသို့ အနည်းငယ် လှည့်ကြည့်လိုက်သော်အခါ အိမ်နီးနားချင်းအသစ်လိုပင် တစ်ခါမှမတွေ့ဖူးတဲ့ လူတွေကားပေါ်က အထုတ်တွေနဲ့ဆင်းလာကြသည်ကိုတွေ့လိုက်ရသည်။

ထိုထဲ၌ သူ့ထက်အသက်အနည်းငယ် ငယ်သည်ထင်ရသည့် ကောင်လေးတစ်ယောက်ကိုလည်း‌တွေ့လိုက်ရသည်။

ဆောင်းဟွန်းလည်း အနည်းငယ်စပ်စုပြီး သူ့အရုပ်တွေနဲ့သာပြန်ဆော့နေချိန်...

"ကလေးလေး"

ဟန်းဂုလေသံမပေါက်ဘဲ အနည်းငယ် စကားဝဲနေတဲ့အသံနဲ့ *ကလေးလေး* လို့ခေါ်သံကြားလိုက်ရတယ်။ ဆောင်းဟွန်း မော့ကြည့်လိုက်တော့ စောနက သူတွေ့လိုက်ရတဲ့ ဘဲရုပ်နဲ့တူတဲ့ကောင်လေးရယ်

"......"

ဆောင်းဟွန်း သူ့ဟာသူတွေးနေချိန်

"ကလေးလေး ခေါ်နေတယ်လေ ခေါ်ရင်ပြန်ထူးရတယ်လေ"

အခုအဲ့ဘဲရုပ်နဲ့ကောင်က သူ့ကိုကလေးလေးလို့ ခေါ်လိုက်တာလား??? အရပ်က သူ့လောက်တောင်မရှည်ဘဲနဲ့

"...."

"ကလေးလေးကြည့်ရတာ စကားမပြောနိုင်ဘူးထင်တယ်"

ဆောင်းဟွန်းလည်း ဒေါသထွက်သွားပါပြီ။ ဒီကောင် အခုသူ့ကို ကလေးလေးလို့ခေါ်ယုံတင်မကဘဲ စကားမပြောနိုင်ဘူးလို့ပါ ပြောနေတာဘဲ။ ‌ဆောင်းဟွန်းလည်း..

"ဘာကွ မင်းဘယ်သူ့ကို ကလေးလေးလို့လာခေါ်နေတာလဲ"

"ကလေးလေးက စကားပြောတက်သားဘဲ။ ပြီးတော့ ဒီမှာ ကလေးလေးနဲ့ငါနဲ့ဘဲရှိတာလေ။ ကလေးလေးဆိုတာ ကလေးလေးကိုမခေါ်လို့ ငါကငါ့ကိုယ်ငါပြန်ခေါ်မလား"
"ကလေးလေးက ကျပ်လည်းမပြည့်ဘူးထင်တယ်"

"ဘာ ဟျောင့် ဘဲရုပ်ဆိုးကောင် မင်းတော်တော်လွန်လာပြီနော် အခုမှဒီကိုပြောင်းလာပြီးတော့ ငါ့အိမ်‌ရှေ့ကိုလာ ငါ့ကိုလည်း စော်ကားသေးတယ် ဆွဲထိုးခံချင်လို့လားကွ။ ပြီးတော့ ဘာကိုကလေးလေးလဲ ငါအသက် ၈နှစ်ရှိနေပြီကွ ကလေးမဟုတ်တော့ဘူး မင်းကသာ ကလေး"

KoKo, I'm not your bro!!Where stories live. Discover now