Update နည်းနည်းကြာသွားတာကြောင့် ပထမပိုင်းကို မေ့သွားရင် ပြန်ဖတ်ပေးပါဦးနော် ㅠㅠ
****
နောက်နေ့
.....
ရီခီသည် အမြဲသူ့ကိုကျောင်းသွားဖို့ လာခေါ်လေ့ရှိသည်။ ဒို့ပင် ရီခီဟာ ဒီနေ့ရောက်မလာသေး၊နောက်ကျနေတာလားဆိုပြီး ဆောင်းဟွန်းသည်ရီခီကို ကျောင်းသို့ သွားရန်လာရှာသည်။ အိမ်ဘေးလမ်း အနည်းငယ်လျှောက်လိုက်လျှင်ပင် နီခီအိမ်ရှေ့ရောက်သည်။"အန်တီ ရီခီရောဟင် ကျောင်းသွားမလို့လာခေါ်တာ"
"ဪ ဆောင်းဟွန်း သားရေ မင်းညီလေး ညထဲကအဖျားတွေတတ်နေလို့၊ ဒီမနက် မထနိုင်ဘူး"
"ကျွန်တော် အပေါ်တတ်ကြည့်လို့ရမလား"
"အမလေး ဒီလူနဲဒီလူ ပြောစရာလိုလို့လား၊ တတ်သွားလိုက် အပေါ်မှာ မင်းညီလေး အိပ်နေတယ်နဲ့တူတယ်။
"ဟုတ်"
ဆောင်းဟွန်းလည်း ရီခီ့ အခန်းသို့ တတ်သွားခဲ့သည်။ အမြဲ၀င်နေထွက်နေကြဆိုတော့ တံခါးမခေါက်ဝောာ့ပဲ ဆောင်းဟွန်းတန်း၀င်သွားလိုက်သည်။ အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ စောင်ကိုခေါင်းလောက်ပဲဖော်ထားပြီး ကွေးကွေးလေးအိပ်နေတဲ့ ရီခီ့ကိုမြင်တော့ ဆောင်းဟွန်း ပါးစပ်ကနေသာ နာမည်ကိုခေါ်ကာ နိုးလိုက်သည်။
"ရီခီရေ ရီခီ"
ရီခီလည်း ကိုကို့အသံကြားတော့ ဖျတ်ခနဲ နိုးသွားသည်။
"ဗျာ....."
"နေမကောင်းဘူးဆို အဲ့တာကြောင့်မိုးရေထဲမှာမပြေးပါနဲ့လို့ မပြောဘူးလား မင်းကကိုကို့စကားကို နားကိုမထောင်ဘူး ရီခီ"
ရီခီ နေမကောင်းတာတောင် ကိုကိုဟာ သူ့ကိုအဆူမပြတ်ပါ။
"နေမကောင်းတာကို ဆူနေတာလား ကိုကိုက"
"ဟူး.. ဒီကလေးနဲ့တော့ ခက်တယ်၊ ဆေးရောသောက်ပြီးပြီလား။
"ဟင့်အင်း၊ မသောက်ချင်ပါဘူးဗျာ၊ ဆေးကခါးတာကြီးကို"
"မရပါဘူးနော်၊ သောက်ရမယ် ဆေးမသောက်ချင်ရင် မင်းအစထဲက မိုးရေထဲမပြေးနဲ့လေ၊ မင်းဆေးမသောက်ရင် ကိုကို မင်းကိုစကားမပြောတော့ဘူးနော်"
YOU ARE READING
KoKo, I'm not your bro!!
Romance"ကိုကို ကျွန်ဝောာ်က ကိုကို့ညီလေးမဟုတ်ဘူး" အပ်ပုဒိတ်ကြာပါမယ်ရှင်