1

1.1K 53 2
                                    

Unicode

"မောင်တို့နှစ်ယောက်ကြားက လွဲမှားနေတဲ့ နားလည်မှုတွေ မင်းကြောင့်မဟုတ်တဲ့ကိစ္စတွေ
ကြောင့်ဝေးကြဖို့အတွက်ပဲ ဖြစ်လာတာမို့

ချစ်နေရင်တောင်
မောင်ကမင်းကို မုန်းပစ်လိုက်တော့မှာ
မင်းဘယ်တုန်းကမဖြစ်ခဲ့ဖူးတဲ့ ဗီလိန်တစ်ယောက်လိုသက်မှတ်လိုက်တော့မှာ
မင်းမလုပ်ခဲ့တဲ့အရာတွေအတွက်လည်း
မင်းကိုအပြစ်တင်လိုက်တော့မှာ
မောင် မနာကျင်ရဖို့အတွက် တစ်ခုတည်းသော
နည်းလမ်းက မင်းကိုမုန်းလိုက်ဖို့ပဲ Jimin.."

"စိတ်နာစရာတွေတော့ပေးခဲ့အုံးမှပေါ့ Jiminရယ်
မင်းကအရမ်းကောင်းခဲ့တော့ မေ့ပစ်ဖို့အတွက်
ခက်ခဲနေတယ်။"

ညဘက် ဟန်မြစ်ကမ်းဘေးမှာနောက်ဆုံးတွေ့ပြီး
လမ်းခွဲခဲ့ကြတဲ့အချိန်တုန်းက မျက်ရည်စတွေနဲ့ မောင်ပြောခဲ့တဲ့ စကားတွေ...။

ချစ်နေခဲ့ကြရဲ့သားနဲ့ တစ်ယောက်နဲ့တစ်ယောက်
ဆွဲမထားနိုင်ခဲ့ကြဘူး။ကံကြမ္မာက ရက်ရက်
စက်စက် ဝေးကြဖို့အတွက်ပဲဖြစ်လာခဲ့တယ်။

ချစ်ကြပြီဆိုရင် ချစ်သူနှစ်ယောက် ချစ်နေ
ကြရုံနဲ့ပဲမပြီးတာမို့မိသားစုအသိုင်းအဝိုင်းကိုပါ
ထည့်တွေးပေးခဲ့သည်။
သူနဲ့သဘောမတူနိုင်တဲ့ မောင်တို့မိသားစုထဲ
Jimin ဇွတ်တိုးမဝင်ရဲခဲ့။
အရာအားလုံးကို ပစ်ထားခဲ့ပြီး နှစ်ယောက်
တည်းအတူထွက်သွားကြဖို့ ရူးရူးမိုက်မိုက်
တွေးခဲ့ကြဖူးပေမဲ့ မောင်တို့မိသားစုမှာ
ကျန်းမာရေးကောင်းမနေတဲ့ မောင့်အဖေကြောင့် စီးပွားရေးနဲ့မိသားစုဝန်တွေကိုထမ်းဖို့အတွက်
မောင်တစ်ယောက်ကသာ သူ့မိသားစုအတွက်
မျှော်လင့်ချက်ဖြစ်ခဲ့တာမို့ Jimin မရူးမိုက်ရဲခဲ့။

အနည်းဆုံးတော့ ငါတို့ချစ်ခဲ့ကြသေးတာပဲ
ဆိုတဲ့အတွေးနဲ့ ရင်နာနာနဲ့သာ မောင့်ကိုလက်လွှတ်ပေးခဲ့ရသည်။
Jeon Jung Kook ဆိုတဲ့နာမည်တစ်ခုကို
နှလုံးသားထဲ အပြီးထည့်သိမ်းခဲ့ရသည်။

ငယ်ရွယ်တဲ့ဆယ်ကျော်သက် ရင်ခုန်တတ်
စအရွယ်မှာ မောင့်ကိုတွေ့ခဲ့ပြီးတော့ ရင်ခုန်သံ
တွေထပ်တူကျသွားခဲ့တဲ့အချိန်မှာတော့ နှစ်ယောက်လုံးအတွက် အချစ်ဦးဖြစ်ခဲ့ကြတာမို့
သိပ်ချစ်ခဲ့ကြသည်။

Hate YouWhere stories live. Discover now