2

657 44 1
                                    

Unicode

"Hello, ကြားရရဲ့လား "

"ကြားတယ် ကြားတယ် မောင်ကြားတယ် Jimin"

မောင်က သူ့ကိုယ်သူမောင်လို့ နာမ်းစားသုံး
လိုက်တာလား ။Jimin နားကြားတွေများလွဲသလားလို့ကိုယ့်နားကိုယ်တောင် မယုံကြည်နိုင်။
အနည်းဆုံးတော့ မောင်ကသူ့ကိုမုန်းမနေခဲ့ဘူးပဲ။

"ငါ မောင့်ကိုတွေ့ချင်တယ်"

"မောင် လာခဲ့မယ်။ Jimin ဘယ်မှာရှိနေလဲ"

"ငါ အခုဟန်မြစ်ကမ်းဘေးမှာရှိနေတာ "

"ခဏလေးပဲစောင့်နေပေး အမြန်ဆုံးလာမှာမို့
ဒီတစ်ခါကတော့ မောင့်ကိုအသေချာလေး
စောင့်နေပေးပါ။"

အသံတွေတုန်နေတာမို့ မောင်ကိုယ်တိုင်လည်း
စိတ်တွေအများကြီးလှုပ်ရှားနေပုံရပါသည်။

"ငါ စောင့်နေပါမယ်"

"ဟုတ်ပြီ မောင်ခုလာနေပြီ။ အဆင်ပြေမယ်ဆိုရင်
ဖုန်းမချပစ်ပါနဲ့လား...မင်းနဲ့ပတ်သတ်တဲ့အငွေ့အသက်လေးတစ်ခုလောက်ဖြစ်ဖြစ်
အနားရှိနေရင် မောင်အသက်ရှူရတာပိုအဆင်ပြေ
သလိုခံစားရလို့"

"နောက်ပြီး ဒီ phone call ကျသွားပြီးရင်
မင်းကို နောက်ထပ်ဆက်သွယ်လို့မရတော့မှာ
ကြောက်တယ်။"

မောင့်စကားတွေက ရင်ထဲ နင့်ခနဲ။

"ငါဖုန်းမချဘဲ ကိုင်ထားလိုက်ပါမယ်။"

"မောင် ကျေးဇူးတင်ပါတယ် Jimin"

မိနစ်အနည်းငယ်အကြာမှာတော့ ကားပေါ်ကနေ
ဆင်းလာတဲ့ မောင့်ကိုတွေ့လိုက်ရသည်။
လွန်ခဲ့တဲ့ 4နှစ်နဲ့ကွဲပြားခြားနားစွာ မျက်စိ
မလွှဲနိုင်လောက်တဲ့အထိ မောင်က
အများကြီးကြည့်ကောင်းလာခဲ့သည်။

အနားကိုတဖြည်းဖြည်းချင်းလျှောက်လာတဲ့
မောင့်ကို မျက်တောင်မခတ်တမ်းကြည့်နေမိသည်။

"အိမ်မက်လားလို့ လာတဲ့လမ်းတစ်လျှောက်လုံး
တွေးနေခဲ့တာ အိမ်မက်ဟုတ်မနေဘူးပဲ။
မောင် မင်းကိုတွေ့နေရတယ်"

"မောင်..ငါ.."

ရုတ်တရက် ဆွဲဖက်ခံလိုက်ရတာမို့ ပြောနေတဲ့
စကားတွေပါ ရပ်သွားရသည်။

Hate YouWhere stories live. Discover now