အပိုင်း (၂) system နှင့်စတင်‌တွေ့ဆုံခြင်း

61 4 2
                                    

"အား ကျွတ်ကျွတ် နာလိုက်တာ"
ရှိုင်းဇင်ထက်တစ်ယောက် မျက်လုံးဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။

ဘေးဘီကြည့်တော့ သူတစ်ခါမှမရောက်ဖူးတဲ့နေရာစိမ်း။
"ဒါဘယ်နေရာလဲ"
ပြောရင်း ဘယ်ကြည့်ညာကြည့် လျှောက်ကြည့်ကြည့်သည်။

အပြာနုရောင်အခန်း။ နံရံတွေပေါ်မှာ circuit လိုင်းတွေနှင့်။
အခန်းလေးဘက်လေးတန် တံခါးမဆိုနှင့် ပြတင်းပေါက်ပင်မရှိ။
အခန်းတစ်ခုလုံးက အပေါက်မရှိသော အလုံပိတ်သေတ္တာပုံးပုံစံ။

ထိုစဉ် digital အသံတစ်ခုထွက်ပေါ်လာသည်။
"Welcome from system room, host.
ငါက မင်းနဲ့ စာချုပ်ချုပ်ထားတဲ့ system 007
007 လို့ခေါ်ရင်ရတယ်"

စကားအဆုံးတွင် ရှိုင်းဇင်ထက်တစ်ယောက် လေပေါ်တွင် ပျံနေသော ကြောင်လေးတစ်ကောင်တွေ့လိုက်ရသည်။

ကြောင်တစ်ကိုယ်လုံးနီးပါး အနက်ရောင် သို့ပေမယ့်လည်းထူးခြားသည်။
ခြေလေးချောင်းတွင် အဖြူရောင်အမွှေးများရှိပြီး ဖိနပ်ဝတ်ထားသယောင်။
မျက်နှာတွင်လည်း အဖြူအမည်းစပ်‌အရောင်လေး။
အမြီးအဖျားနားတွင်လည်း အမွှေးဖြူလေးများက အစွပ်စွပ်ထားသကဲ့သို့။

"Host"
ရှိုင်းဇင်ထက်တစ်ယောက် အာရုံလွှင့်နေမှန်းသိသဖြင့် system မှ ထပ်ခေါ်လိုက်သည်။

"ငါက ကြောင်ချောလေးဆိုတာသိပေမယ့် ငါ့ကိုအဲ့လောက်ကြီး စိုက်ကြည့်နေဖို့ မလိုဘူး"
ပြောပြီးပြီးချင်း 007 က သူ့လက်ကိုသူ လျှာနှင့်လျှက်လိုက်သည်။
အင်းပေါ့လေ ဘယ်လိုပဲ system လို့ပြောပြော ကြောင်တစ်ကောင်ပဲဟာ။

ရှိုင်းဇင်ထက်တစ်ယောက် လုံးဝကို မစဉ်းစားနိုင်တော့။
သူ့လောကကြီးက ဘာတွေဖြစ်ကုန်မှန်းလဲ မသိ။
ကိုယ့်ဘာသာ လက်ညှိုးထိုးပြီး မယုံသင်္ကာလေသံဖြင့်မေးလိုက်သည်။
"ငါက host?"

007 ခေါင်းငြိမ့်လိုက်သည်။
"မင်း accident ဖြစ်သွားတာ မှတ်မိလား။
ဆေးရုံကား အချိန်မီရောက်လာပြီး မင်းကို ကယ်သွားတယ်။
အသက်အန္တရာယ်မရှိတော့ပေမယ့်လည်း မင်း ကိုမာဝင်သွားတယ်။"

"ကို...ကိုမာ"
ရှိုင်းဇင်ထက်တစ်ယောက် မယုံကြည်နိုင်။

007 က ဆက်ပြီး စကားပြောသည်။
"အခု မင်းမှာရွေးချယ်စရာ နှစ်ခုရှိတယ်။
ငါနဲ့ အနာဂတ်ကို လိုက်ခဲ့ပြီး ဝိညာန်စမ်းသပ်မှုပါဝင်မလား။
မင်းခန္တာကြီး သေသွားတဲ့အထိ ဘေးမှာပဲ တဝဲဝဲ တလည်လည်လုပ်နေမလား။"

"စမ်းသပ်မှုမှာပါရင် ငါဘာပြန်ရမလဲ။"

"အောင်မြင်ခဲ့ရင် မင်းခန္တာကိုယ်ထဲပြန်ရောက်လာမယ်။"

"မ...မအောင်မြင်ခဲ့ရင်ကော"
ရှိုင်းဇင်ထက်တစ်ယောက် အထစ်ထစ် အငေါ့ငေါ့ဖြင့်မေးလိုက်သည်။

007 တစ်ယောက် ဘာအရာမှဂရုမစိုက်သော လေသံဖြင့်
"အောင်မြင်မှာပါ။ လောင်းကြည့်ပေါ့။"

ရှိုင်းဇင်ထက်အတွေးထဲသို့ စတင်နှစ်မြောလာသည်။
သူတစ်သက်လုံး ကိုမာဝင်ပြီး သူ့မိဘတွေကို ဒုက္ခမပေးချင်။
သို့ပေမယ့်လည်း ရှုံးနိမ့်ခဲ့လျှင် ဘာအကျိုးဆက်ဖြစ်မယ်မှန်း သူမသိ။
သူ့အဖို့ အလွန့်အလွန်ကိုပင် ရွေးချယ်ရခက်နေသည်။

အချိန်အတော်ကြာပြီးနောက်မှ ရှိုင်းဇင်ထက် ဆုံးဖြတ်ချက်ချလိုက်သောလေသံဖြင့်
"ငါအဲ့စမ်းသပ်မှုမှာ ပါမယ်။"

စကားဆုံးပြီးသည်နှင့်တစ်ပြိုင်နက် 007 ၏ အသံ ထွက်ပေါ်လာသည်။
"Host accepted. Please close your eyes.
Time travel to future started."

ရှိုင်းဇင်ထက် မျက်လုံးမှိတ်လိုက်သည်။
ထိုအချိန်တွင် system အခန်းတစ်ခုလုံး အနီရောင်ပြောင်းသွားကာ

"‼️ System Error ‼️
  ‼️ System Error ‼️
Future travelling cancelled.
Time start to flow backwards."

ရှိုင်းဇင်ထက် အလန့်တကြား မျက်လုံးပြန်ဖွင့်လိုက်သည်။
ပတ်ဝန်းကျင်တွင် 007 မရှိတော့။
"007 007..."

007 ပေါ်မလာ။
ရှိုင်းဇင်ထက်၏ လောကကြီးကမူ တစ်ဖန် အမှောင်ကျသွားလေသည်။

ရာဇဝင်သို့ အလည်တစ်ခေါက် (Myanmar)Where stories live. Discover now