အခန်း 15 | [ဤအခန်း၏အဆုံးတွင် ခေါင်းစဉ်]
Qu Fan သည် Miao Jingwen ကို အလွန်လွမ်းဆွတ်နေကဲ့ပြီး နောက်ဆုံးတွင် ထိုလူသည် Miao Jingchun နှင့်အတူ အိမ်သို့ပြန်လာခဲ့သည်။ တစ်လခွဲနီးပါးကြာပြီးမှတွေရတဲ့ Miao Jingwen ကအိမ်ကို တစ်ပတ်ခန့်သာ ပြန်လာခဲ့သည်။ သူပြီးခဲ့တဲ့ အပတ်က ပြန်လာမယ်လို့ ထင်ခဲ့ပေမယ့် သူ့အဖေက နိုင်ငံပြင်ပမှာ အလုပ်ကိစ္စနဲ့ ခရီးထွက်ဖို့ တောင်းဆိုခဲ့ပြီး Qu Fan က Miao Jingrong က ရည်ရွယ်ချက်ရှိရှိ စီစဉ်ခဲ့တာလို့ သံသယရှိခဲ့တယ်။
အဒေါ်ကြီးသည် ညီအကိုသုံးယောက်ဘေးတွင်ထိုင်သည့် စားပွဲပေါ်တွင် ပန်းကန်များကို ချထားပေးပြီး၊ ထို့နောက် Qu fanသည် ညီအကိုများနှင့် စကားစမြည်ပြောနေသည့် Miao Jingwen ၏ဘေးတွင် ထိုင်နေပြီး သူတို့၏ဆွေးနွေးမှုကို နားမလည်သောကြောင့်၊ ငြိမ်ငြိမ်လေးပဲ စားတယ်။
ရံဖန်ရံခါ၊ Miao Jingwen သည် Qu Fan အတွက် တူညီသည့် တူချောင်းများဖြင့်(သူစားနေတဲ့တူ) အစားအသောက်ကို ကိုယ်တိုင်ကိုယ်ကျ ကျွေးမွေးခဲ့ရာ ၎င်းတို့နှစ်ဦးသည် အချိန်အတော်ကြာကြီးခွဲခွာခဲ့ရပြီးမှပြန်ဆုံရသော ဇနီးမောင်နှံကဲ့သို့ပင်သူတို့၏မျက်လုံးထဲတွင်လညအချစ်များနှင့်သာပြည့်နက်နေ သည်။ Miao Jingsong သည် ၎င်းတို့၏ဘာသာစကားကို Mandarin သို့ ရုတ်တရက်ပြောင်းလိုက်ပြီး "နင်တို့နှစ်ယောက် အိမ်ကို နှစ်ရက်ပဲပြန်လာတာလား"
Miao ညီအငယ်နှစ်ယောက်က ခေါင်းညိတ်လိုက်သည်။
Miao Jingrong သည်Qu fanကိုကြည့်ကာ သူ၏နှုတ်ခမ်းထောင့်ကို လေးလေးနက်နက် ကော့ညွှတ်ကာ "ဒါဆို Fanfan က ဒီညနေA'Chunရဲ့အိမ်ကိုအရင်သွား နဲ့ မနက်ဖြန် A'Wen အိမ်ကိုသွား။
Qu Fan နှင့် Miao Jingwen နှစ်ဦးစလုံး တုန်လှုပ်ခြောက်ခြားခဲ့ကြပြီး ၎င်းတို့၏ ယခင်စိတ်လှုပ်ရှားမှုများသည် အေးစက်နေသော ရေအင်တုံတစ်ခုနှင့် ဖျန်းခနဲ ငြိမ်းလိုက်သလိုပင်။ ဒါပေမယ့် အဲဒါက စည်းကမ်းမို့လို့ ငြင်းဆိုစရာ စကားတောင် မပြောနိုင်ဘူး။
Miao Jingchun က မျက်မှန်ကို မြှောက်လိုက်ပြီး "ဒီတစ်ပတ် ငါအိပ်ချင်တယ်"
YOU ARE READING
တစ်ခုဝယ်နှစ်ခုရ (Buy One Get Two) MM Tran{COMPLETE}
Short Storytitle - တစ်ခုဝယ်နှစ်ခုရ 家族共夫(H) Onginal publisher-long ma English publisher-yearning for the night Authors-As Distant As The White Clouds(远上白云间) status in CCO-24 Chapters #Cover photo crd Qu Fan သည် ၎င်း၏ချစ်သူအိမ်သို့ ပြန်လာပြီးနော...