အပိုင်း-၄

204 24 2
                                    

ချယ်တို့ထိုင်းရောက်တော့ ကားတစ်စီးက လာခေါ်သည်။
လာခေါ်တဲ့ကားနဲ့အတူတူ အိမ်ပြန်လာခဲ့သည်။

" ဦးလေး သူတို့ကို အိမ်ပြန်လိုက်ပို့ပေးလိုက်ပါ"

" ဟုတ်ကဲ့ မမလေး"


လီဆာရဲ့ မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ အိမ်ထဲကို ပြန်ဝင်လာခဲ့သည်။

ကျွန်မကိုမြင်တော့ အိမ်ထဲကကောင်မလေးတစ်ယောက်ပြေးလာပြီး အထုတ်တွေလာသယ်ပေးသည်။
နောက်ပြီး အိမ်ထဲက မေမေ ထွက်လာခဲ့သည်။


" သမီးလေး လီလီ အမေ့ကိုကြိုမပြောဘူး
အမေလာကြိုမှာပေါ့"


" ရပါတယ် ဟိုကောင်မလေးနှစ်ယောက်ပါ ပါလာလို့"


" ချယ်လေးရော ပြန်ပါလာတာလား"


" အင်း"


" ဟုတ်ပါပြီ လာ အိမ်ထဲဝင် သမီးခဏနားအုံးလေ
သမီး ကြိုက်တတ်တဲ့ဟင်းလေးတွေ အမေချက်လိုက်အုံးမယ်"


" ထိုင်ပါအုံး အမေရဲ့
စကားလေး အေးဆေးပြောရအောင်"


ဝီဆာ လီလီနားမှာ သွားထိုင်လိုက်သည်။

" အမေ နေကောင်းတယ်မလား
လီလီ ဟိုမှာ အလုပ်တွေများနေတာမလို့ ပြန်မလာနိုင်တာ ခွင့်လွှတ်ပေးပါ"


သမီးလေးဘက်က ဒီလိုပြောလာတော့ ဝီဆာဝမ်းနည်းမိပြန်တယ်။


" အမေက သမီးကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ဘူး ဟုတ်ပြီလား။
ဒါနဲ့ အိမ်မှာ ဘယ်နှရက်နေမှာလဲ သမီး"



" လီလီ အန်ကယ်မာဆန်တို့နဲ့ လာတိုင်ပင်တာပါ
ချယ်ယောင်းကို ကုမ္ပဏီက အကဲအဖြတ်အဖွဲ့က တော်တော်သဘောကျနေကြတယ်
သူ့ကို တစ်ကိုယ်တော်ပွဲဦးထွက်ခိုင်းဖြစ်မယ်ထင်တယ် အမေ"



" ဟေ ဟုတ်လား အာ့တာကိုချယ်လေးသိရင် အရမ်းပျော်နေမှာ သမီးရဲ့"



" သူ့မိဘတွေက ခွင့်ပြုပါ့မလား"



" ခွင့်ပြုပါတယ် ဒါပေမဲ့"



" ဒါပေမဲ့ ဆိုတာက"


" ချယ်လေးကို သမီးအိမ်မှာ ထားလို့ရမလား"


The More I Love,The More I Hurt Where stories live. Discover now