ချယ် debut ဖို့လဲနီးပြီဖြစ်လို့ ညညဆိုနောက်ကျမှ ပြန်ဖြစ်သည်။ မန်နိုနဲ့လဲ မတွေ့ဖြစ်အောင် ရှောင်နေလိုက်သည်။ အခုလဲ ကွန်ဒိုကိုပြန်ခါနီး အပြင်မှာ နှင်းတွေ ကျနေတာကို ကြည့်နေရင်း
" ပထမဆုံးနှင်းကို အတူတူကြည့်ဖူးတဲ့စုံတွဲတိုင်းက ထာဝရပေါင်းဖက်ရတယ်တဲ့"
နောက်ကအသံကိုကြားတော့ လှည့်ကြည့်လိုက်သည်။
" Unnie Somi"
" ဘယ်လိုလဲ ချယ် အတူတူကြည့်ရမဲ့သူမရှိလို့ သက်ပြင်းချနေတာလား"
" သူများသာပြောနေတာ Unnie ကျတော့ရော"
" အတူတူပါပဲရှင်"
နှစ်ယောက်သားရယ်မောနေကြရင်း
" မပြန်သေးဘူးလား Somi"
" လီလီ ပြန်တော့မှာပါ နှင်းကျနေတာဆိုတော့ ကားတွေ ပိတ်နေမှာမလို့ ချယ်အတူတူ နှင်းကျတာ ကြည့်နေတာ"
" ချယ် ပြန်တော့မယ် Unnie အောက်မှာ ကားရောက်လောက်ရောပေါ့"
" ဒီနေ့ ဦးလေးကြီး ပြန်မပို့နိုင်ဘူး ဖျားနေတယ်"
ထွက်သွားမယ်လုပ်နေတဲ့ ချယ့်ကို မန်နိုကို ထိုစကားတစ်ခွန်းနဲ့ တားလိုက်သည်။
" ရပါတယ် အာ့ဆို Unnie Somi နဲ့လိုက်ခဲ့မယ်လေ"
Somi ဒီအခြေအနေ အရိပ်အကဲကို သိနှင့်ပြီးသားမလို့ အမြန်ငြင်းလိုက်သည်။
" မရဘူး ချယ်ရဲ့ Unnie ဝင်စရာရှိလို့"
" နောက်ကလိုက်ခဲ့ ပတ်ချယ်ယောင်း ငါစကားတွေ အများကြီး မပြောချင်ဘူး"
မန်နို ရှေ့ကနေထွက်သွားတော့ ကလေးတစ်ယောက်အလိုမကျဖြစ်နေတဲ့ ချယ်ယောင်းကို ချော့ရပြန်သည်။
" လိုက်သွားလိုက်ပါ ချယ်ယောင်းရယ်
မဟုတ်ရင် သူ့အကြောင်းသိတယ်မလား"" အမြဲတမ်း သူ့စိတ်ချည်းပဲ"
ချယ်ဆိုတဲ့သူက မန်နိုအမိန့်ကို ဘယ်တုန်းက လွန်ဆန်လို့ ရဘူး လို့လဲ။
YOU ARE READING
The More I Love,The More I Hurt
Fanfictionချယ့်ကို မန်နို ပိုင်ပါတယ် မန်နိုစိတ်တိုင်းကျ အရုပ်တစ်ရုပ်လို လုပ်ပေးနေတဲ့ ကျွန်မကို တစ်ကြိမ်တစ်ခါလေးတောင် မချစ်ခဲ့မိဘူးလား မန်နို