ဘယ်ကစပြီးအရာအားလုံးကထူးဆန်းသွားလဲဆို အမွှေးအမျှင်တွေအပြည့်ဖြစ်နေတဲ့သူ့လက်တို့က ပြောင်းလဲသွားချိန်တုန်းကလား။ မဟုတ်လဲ သူ့လက်လေးဖက်မှာ နှစ်ဖက်က သူ့ကိုမတ်တပ်ရပ်သွားစေတာကလား။ မဟုတ်လဲ သူ့ရဲ့အသံက လူတွေရဲ့အသံလိုမျိုးနဲ့ ထပ်တူညီသွားတာကလား။
ဘယ်ဟာကြောင့်လဲဆိုတာမသိပေမယ့် အခုအချိန်မှာတော့ ရှင်းမ်ရှင်းမ်ဂျယ် အတော်ကိုစိတ်ညစ်နေပြီဖြစ်၏။
"တီ တီ တီ"
"ကားလာနေတာကိုဘေးဖယ်လေကွ သေချင်လို့လား!"
လမ်းမထက်က ကားပေါင်းများစွာကိုလဲ သူတော်တော်ကိုသတိထားနေရတယ်။ ပတ်ဝန်းကျင်ကိုလဲ ထူးဆန်သလိုလိုက်ကြည့်နေရပြီး ဘာကိုမှလိုက်မမှီနိုင်ဖြစ်နေရတော့တာပဲ။
သူကအခုဘယ်ရောက်နေတာလဲ။ ပြီးတော့ ဘာတွေဖြစ်နေတာလဲ။
ပုံမှန်ထက်လဲ ခန္ဓာကိုယ်က ပိုကြီးလာသလိုခံစားရပြီး ပတ်ဝန်းကျင်က အရာတွေကိုလဲခပ်မြင့်မြင့်အနေအထားကနေမြင်နေရသလိုပဲ။ နောက်ပြီး သူ့ကိုနွေးထွေးစေတဲ့ သူ့ရဲ့အဝါရောင်ကိုမီးသင်းထားသလို ခပ်ညိုညိုအမွှေးအမျှင်တွေကလဲမရှိတော့ဘူး။ တကယ်ပဲ ဘာတွေ ဘယ်လိုဖြစ်နေတာလဲ။
ခေါင်းလေးကိုဟိုလှည့်ဒီလှည့် ဟိုစောင်းဒီစောင်းနဲ့ ရှိရှိသမျှအရာတွေကို လိုက်ကြည့်ရင်း လျှောက်သွားနေတုန်း သူ့ကိုယ်သူမြင်လိုက်ရချ်ိန်မှာတော့ အရာရာရပ်တန့်သွားတော့သည်။
မဟုတ်.. သူ့နှာခေါင်းကပြောင်းသွားတယ်။
ပြီးတော့.. ပါးစပ်ရော.. ပါးစပ်ကရော ဘယ်လိုလုပ် ဒီလို အပေါ်တစ််ခုအောက်တစ်ခုကြီးဖြစ်သွားတာတုန်း။ ပြီးတော့ အမြှီး.. သူ့အမြှီးလဲမရှိတော့ဘူး။ နာရွက် သူ့နာရွက်လေးနှစ်ဖက်ရောပဲ။နောက်ပြီး သူ့ခေါင်းပေါ်မှာရှိနေတဲ့အမွှေးအချောင်းတွေက သူ့ရဲ့ အဝါရောင်ကိုမီးသင်းထားသလို ခပ်ညိုညိုအမွှေးအမျှင်တွေမဟုတ်ဘူး။ ဒါက ကိုင်ကြည့်ရင် နည်းနည်းကြမ်းတယ်။ ခါတိုင်းလိုနူးညံ့မနေဘူး။ သူကဘယ်လိုလုပ် လူတစ်ယောက်နဲ့တူ..
BINABASA MO ANG
Woof Woof, HuuHuu we need to hide right now!
FanfictionPark HuuHuu X ShimShim Jae The whole fiction is just an author's imagination @crd fanart