P1

74 10 2
                                    

အချိန်သည်ကား အေးချမ်းလှသော
ဆောင်းည၏ သန်းခေါင်ယံအချိန်။
အိမ်စီးကားလေးတစ်စင်းသည် မြူခိုးများကြားတွင် မှိန်ပြပြမီးရောင်လေးဖြင့် ပုံမှန်လေး မောင်းနှင်လျက်ရှိသည်။

ကားပေါ်တွင် ဒီရူပါတစ်ယောက်
အမေ၏ပေါင်ပေါ်တွင် လှဲလျောင်းနေရင်းသူ့ခေါင်းလေးကိုပုတ်ကာ ချော့သိပ်နေသည့်
သူ့အမေကိုမျက်လုံး​ပြူးလေးနှင့်ငေး
ကြည့်နေသည်။

"မေမေလဲလက်တွေညောင်းလှပြီကွယ်
သားကမအိပ်သေးဘူးလား"

မေမေကငြီးပြတော့ရူပါ့မျက်နှာဆူပုတ်သွားကာအမေကိုပြန်အော်သည်။
ရူပါ့ဖေဖေကတော့ကားမောင်းနေရင်းတစ်ဖက်နှင့်ရူပါ့ကိုလှမ်းဆူသည်။

"ဟာဟေ့ကောင်မအိပ်ရင်လဲရှေ့လာခဲ့မင်း
အမေကိုသွားရစ်မနေနဲ့"

"မလာဘူးမေမေနဲ့ပဲနေမှာ...မေမေရေဖေဖေ့ကိုပြောပေးပါဉီး..မေမေရေ?"

"မေမေ?"

မေ့မေဘက်ကိုကြည့်မိတော့မျက်နှာတစ်ခုလုံး သွေးတွေရွဲနေပြီးသူ့ကိုရီပြနေသည်။

"ဒါပေါ့မေမေ့သားဂျီကျလေးကမေမေနဲ့ပဲနေရမှာပေါ့...မဟုတ်ဘူးလားယောကျာ်း?"

ဖေဖေ့ဘက်ကိုကြောက်လန့်တကြားလှည့်
ကြည့်မိတော့ ဖေဖေကိုယ်မှာခေါင်းရှိမနေတော့ လည်ပင်းမှသွေးတွေစီးကျနေပြီ ခေါင်းပြတ်ကြီးကအောက်မှာ လိမ့်ကာစကားတွေပြောနေသည်။

"ဟားဟားငါ့သားကဖေဖေကိုမချစ်တော့ဘူးထင်တယ်"
"သားလေးရေပြောပါဉီးဖေဖေနဲ့မေမေဘယ်သူကိုပိုချစ်လဲ?"
"ရူပါလေးရေ?သားလေးရေ?"

စကားသံတွေက နားထဲမှာဆူညံသွားသည်။ကားဟွန်းသံများ ကြားလိုက်ပြီဒီရူပါ့တစ်ကိုယ်လုံးလေပေါ်မြောက်တက်သွားခဲ့သည်။

"အာ့ မေမေ? ဖေဖေ?"

သူတို့ကားတစ်ခုလုံး စောက်ထိုးဖြစ်သွား​ပြီး ရူပါအမေနဲ့အဖေကိုအော်ခေါ်နေမိသည်။
သို့​သော် ဘယ်လောက်ပဲ အော်ခေါ်နေပါစေ မထူးတော့။ထိုစဉ် လူရိပ်တစ်ခုက သူ့ကိုရပ်ကြည့်နေသည်။မျက်နှာမမြင်ရဘဲ မီးခိုးငွေ့တွေကြားထိုလူ၏ခြေထောက်ကိုသာ မြင်ရသည်။

အောက်ဆီဂျင်မဲ့လောင်ကျွမ်းခြင်း(Ongoing)Where stories live. Discover now