part2

280 29 5
                                    

နောက်တစ်နေ့

ထမင်း၀ိုင်းတွင်

သမီး..သမီးဒယ်ဒီက
မနက်ဖြန်အိမ်ပြန်လာလိမ့်မယ်
ဟုတ်ကဲ့

မာမီတော့အလုပ် ကိစ္စလေးရှိသေးလို့သွားပြီ

သမီးစားချင်တာစားနှင့်နော်
ဟုတ်ကဲ့

မမလေးခင်ဗျ
ဘာစားမလဲ
ရတယ် ဘာမှမစားတော့ဘူး

ကလျာသွားစရာလေးရှိလို့သွားလိုက်အုံးမယ်
ဟုတ်ကဲ့မမလေး

အန်ကယ်..မနေ့ကရောက်ခဲ့တဲ့ပန်းဆိုင်ကိုကလျာသွားချင်တယ်

အန်ကယ်လ်ိုက်မပို့နဲ့တော့နော်
ကလျာ့ဘာသာဘဲသွားလိုက်မယ်

မရလို့ပါ..မမလေး
မမလေးကိုတစ်ယောက်ထဲလွတ်လိုက်ရင်
အန်ကယ့်ကိုအလုပ်ထုတ်လိမ့်မယ်

မာမီတို့မသိစေရဘူးလေ
မြန်မြန်သွားပြီမြန်မြန်ပြန်လာခဲ့လိုက်မယ်

နော်..နော်လို့အန်ကယ်
မမလေး..မြန်မြန်တော့ပြန်လာခဲ့ပါ

Okပါအန်ကယ်
သွားပြီနော်..ချစ်တယ်

ဟုတ်ကဲ့မမလေး
ထို့နောက်ကလျာမနေ့ကစီးသွားသောBMWအနက်ရောင်ကားဟာ
ကလျာ့၏မာမီစီးသွားသောကြောင့်

ဒီနေ့တော့BMWအဖြူရောင်ကားဘဲစီးသွားရသည်
....

ပန်းဆိုင်အရောက်
ကားထဲတွင်
ငါ့..ဒီပုံစံကစုတ်စုတ်ပြတ်ပြတ်လေးတော့ရှိသား..မိုက်တယ်

ကားကိုပန်းဆိုင်နှင့်မနီးမဝေးမှထိုးပြီး
ပန်းဆိုင်သို့အပြေးလာလေသည်

ပန်းဆိုင်ထဲသို့အရောက်
မောနေသမျှအမောတွေပြေရလောက်တဲ့ထိ
ကျက်သရေရှိလှပလွန်းတဲ့နှင်းဆီနွယ်ဆိုတဲ့အမျိုးသမီး

အန်တီ
အော်..ကလျာ
လာပြီလား
အန်တီကစောင့်နေတာ
ဟုတ်ကဲ့
ဒါနဲ့ကလျာကလမ်းလျှောက်လာတာလား

ဟုတ်ကဲ့အန်တီ
ဆိုင်ကယ်မစီးတတ်လို့လား

ကလျာတို့အိမ်မှာဆိုင်ကယ်မရှိဘူး..အန်တီ
ဒေါ်နှင်းဆီနွယ်၏အတွေးထဲတွင်(ကလျာတို့ဘ၀လေးကတော်တော်ဆင်းရဲရှာပါလား)

(ကလျာပြောတာလည်းမှန်တာဘဲသူတို့အိမ်မှာကားဘဲရှိတာ..ဆိုင်ကယ်မှမရှိတာ)

နှလုံးသားမှာကျန်ရစ်ဆဲပါ..နှင်းဆီWhere stories live. Discover now