My Angelic From SaungKyarMyaing
Part 1
ဂျိုဆွန်းခေတ်.....
WuYiFanဆိုတဲ့ဘုရင်နန်းတက်စဉ်ချိန်ခါပေါ့....ထိုဘုရင်ကိုအရပ်သူအရပ်သားမဆိုထားလေနှင့်နန်းတွင်းကသင့်တင့်သောရာထူးနှင့်တာဝန်ထမ်းဆောင်နေသောအမတ်များပင်တစ်ကြိမ်တစ်ခါမျှမျက်နှာတော်ကိုဖူးတွေ့ခွင့်မရှိချေ.မျက်နှာတော်ကိုမမြင်ဖူးကျသော်လည်းWuYiFanဆိုတဲ့ဘုရင်ကြီးရဲ့ဂုဏ်သတင်းကတော့မကြားဖူးသူမရှိသလောက်ပင်!!တစ်တိုင်းပြည်လုံးထိုသတင်းကြားရုံနှင့်မကြောက်ရွံသည်မရှိချေ..ထိုဘုရင်သည်
ခက်ထန်သည် အမျက်ဒေါသကြီးသည်.အမှားတစ်ခုကျုးလွန်သည်နှင့်ပြစ်ဒဏ်ကိုကြီးမားစွာစီရင်ချက်ချတတ်သည်.ထူးခြားချက်မှာ ဘုရင်ဘုန်းတော်ကြောင့် စူးရှသောအကြည့်တွေကိုပိုင်ဆိုင်ထားသည်.ဒေါသဖြစ်နေချိန်ဆို မျက်ဝန်းအစုံမှမီးများဖြာထွက်၍ပြာကျစေနိုင်သည်..
ထိုအချက်နဲ့တင်WuYiFanဆိုသောဘုရင်နှင့်မည်သူမျှမတွေ့ဆုံချင်ကျ.ထိုဘုရင်၏ကောင်းသောဂုဏ်သတင်းများမှာ
ဘုရင်တစ်ပါးတွင်ရှိအပ်သောကြင်အင်လက္ခဏာကိုပိုင်ဆိုင်ထားသူဖြစ်သည်.ဤသည်ထက် တစ်ဆင့်စကားတစ်ဆင့်နားဖြင့်ကြားရသည်မှာ ထိုဘုရင်သည် အသက်အရွယ်အားဖြင့်ငယ်ရွယ်လွန်းသည်ဟုဆိုနိုင်ပမေည်.ပုံပန်းသွင်ပြင်ကိုတော့မည်သူမျှသေချာမမြင်တွေ့ကျပေ.တွေ့မြင်ဖူးသူများပြောစကားအရထိုဘုရင်၏မျက်နှာတော်ကိုဖုံးအုပ်ထားသည်ဟုသိရှိရလေသည်. (Hint For Behind The Mask,The Two Of Fic Are Related)
့်ထိုသူသည်တိုင်တည်စကားကျိန်ဆိုပီးနောက်မျက်နှာတော်ကိုဖုံးအုပ်ခဲ့သည်ဟုသိရလေသည်.ထိုသူ့မျက်နှာကို ကန့်သတ်တားဆီးထားတဲ့ဆောင်ပုဒ်က
'''ငါဘုရင်၏အရာခပ်သိမ်းအားပိုင်ဆိုင်သူသာလျှင်အကျွန်ုပ်၏ခေါင်းအစခြေအဆုံးကိုမြင်တွေ့ခွင့်ထိတွေ့ခွင့်ရှိသူဖြစ်ပါစေသား....ဤတိုင်တည်စကားနဲ့ဆန့်ကျင်၍အကျွန်ုပ်မျက်နှာတော်အားမြင်တွေ့ရန်ကြိုးပမ်းသော သူစိမ်းမည်သည်ကားအကျွန်ုပ်အနားကပ်ရုံမျှပင်အသွေးအသားများမီးကဲ့သို့ပူပြင်းလောင်ကျွမ်း၍အသက်ဆုံးရှုံးပါစေသား....အကျွန်ုပ်အားပိုင်ဆိုင်မည့်ကြင်ယာတော်မည်သူဖြစ်သည်ကို...ဘုရင်မင်းမြတ်တို့မျက်ဝန်းအစုံမှမကျအပ်သောမျက်ရည်များသည်ထိုသူနှင့်တွေ့ဆုံသောအခါအဆက်မပြတ်ကျဆင်းလာခြင်းဖြင့်အသိပေးပါလေ!'''