JK'S POV

666 93 10
                                    

ကြည်ပြာရောင် မိုးကောင်းကင်ကြီးက ဂျောင်ဂုရဲ့စိတ်အစုံကို လစ်ဟာစေသည်။ဂျောင်ဂုက အေးဆေးနေတက်ပြီးလုပ်စရာရှိတာကို အပြတ်လုပ်တက်သူဖြစ်သည်။အထက်တန်းကျောင်းသားအရွယ် သူ့အတွက် မိသားစုပြဿနာတွေဟာ ရှောင်ပြေးချင်စရာကောင်းလှသည်။မချစ်မနှစ်သက်ပဲယူထားတဲ့ မိဘတွေရဲ့အိမ်ထောင်ရေးမှာ ဂျောင်ဂုဟာ ကြားခံနယ်သက်သက်ဖြစ်သည်။

ဂျောင်ဂု မွေးရပ်မြေကိုစွန့်ကာ မြို့ပေါ်တက်လာခြင်းရဲ့ရည်ရွယ်ချက်က မိသားစုပြဿနာများမှ ရှောင်ပြေးခြင်းဟု အမည်ပေးပါမည်။မထူးဆန်းတဲ့လူနေမှုဘဝထဲတွင် ဂျောင်ဂုဟာလည်း ပျင်းရိစရာဘဝထဲမှာ ကျင်လည်သူဖြစ်သည်။ဒါပေမဲ့ အဲ့မထူးဆန်းတဲ့သူ့ဘဝထဲကို မျက်ဝန်းတစ်စုံက ဝင်ရောက်လာခဲ့သည်။ကြောင်တိကြောင်တောင်နိုင်သော မျက်ဝန်းလေး....မျက်ရစ်မပေါ်သောမျက်ဝန်းလေး...ငေးမောတက်သောမျက်ဝန်းလေး...ရောင်စဉ်ဖျားနေသောမျက်ဝန်းလေးဖြစ်သည်။

သစ်ပုတ်ပင်အိုကြီးကို အကြောင်းရင်းမဲ့ငေးမောနေသည့် သူ့အား တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို သူခံစားရတာမိူ့ လှည့်ကြည့်လိုက်ချိန်တွင် သူ၏နှလုံးသားတစ်စုံဟာ အသံတစ်သံပေးလာခဲ့သည်။ထိုအသံဟာ သဘောကျမိခြင်းဆိုသည့်ရောင်စဉ်တစ်ခုပင်ဖြစ်သည်။ထိုရောင်စဉ်လှိုင်းလေးကို ဂရုမထားပါပဲ ဂျောင်ဂုနေထိုင်မိရာ ထိုရောင်စဉ်လှိုင်းလေးဟာလည်း ဂျောင်ဂုဆီသို့ ခဏခဏပင်အလည်ရောက်လာခဲ့သည်။

၁ပတ်ကနေ ၂ပတ်၊၂ပတ်ကနေ လအလီလီပြောင်းလာတော့ သဘောကျမိရာရောင်စဉ်ကနေ ချစ်မိရာသို့ပြောင်းလဲလာခဲ့သည်။ကျောင်းဟောခန်းကြီးထဲ မတ်တပ်ရပ်ချိန်တွင် ထိုကြောင်တောင်တောင်မျက်ဝန်းငယ်က သူ့အားလိုက်ငေးကြည့်သည်ကို မျက်ဝန်းထောင့်ကနေ မြင်မိသည်။တခါတရံ ထမင်းစားဆောင်မှာ သူ့အားမသိမသာ အကွယ်ကနေ ချောင်ကြည့်တက်သည်ကို သူတွေ့သည်။အဲ့အချိန်ဆိုရင် ဂျောင်ဂု နှုတ်ခမ်းပါးတွေ အပေါ်ဘက်သို့ ခပ်ပါးပါးပြုံးတက်သည်။

နှစ်ယောက်သားမျက်နှာချင်းဆိုင်ဆုံရာမှာ ဖတ်မိခဲ့တဲ့ သူရဲ့name tagလေးကို ဂျောင်ဂု မှတ်သားခဲ့ပေမဲ့ ထိုအမည်နာမလေးကိုတော့မခေါ်ရဲခဲ့ပါ။စာအုပ်လေးကို မသိမသာကြည့်မိခဲ့သည့် လက်ရေးခပ်ကျဲကျဲလေးတွေက သူ့အားပြုံးရယ်စေသည်။သူသွားရာ နေရာတိုင်းကို ရှိနေပေးတက်ခဲ့သည့် အကြောင်းအရင်းကိုတော့ ဂျောင်ဂုမရှင်းပြချင်တော့။

ခေါင်မိုးထပ်မှာ ရည်းစားစကားလာပြောသည့် မိန်းမပျိုလေးအား ငြင်းရသည်မှာ အကွယ်က ချောင်ကြည့်နေသည့် ခေါင်းလုံးလုံးလေး စိတ်မကွက်စေဖို့ရာပင်ဖြစ်သည်။ဂျောင်ဂုရဲ့စာအုပ်ကလေးကို နှုတ်ခမ်းဖူးများနဲ့ထိတွေ့ကာ ပြုံးရယ်နေတက်သည့် ထိုမျက်ဝန်းငယ်လေးကို ဂျောင်ဂုဟာ သိပ့်ကို ချစ်မိခဲ့သည်။ဖွင့်ပြောချင်ပေမဲ့ တစ်ရွာသားဖြစ်တဲ့ ဂျောင်ဂုအား မယုံရဲမှာလည်း ဆိုးရသည်။

ဆုံးဖြတ်ချက်တွေကို ပိုမိုပီပြင်စေရန်အတွက် အထက်တန်းနောက်ဆုံးနေ့မှာ မွေးရပ်မြေဘူဆန်သို့ပြန်ရန် သူပြင်လိုက်သည်။ရထားဘူတာရုံထဲတွင် ထိုင်စောင့်နေခဲ့မိသည့် မိနစ်တွေ၊နာရီတွေမှာ အမြဲတမ်းလိုက်ချောင်းကြည့်နေသည့် မျက်ဝန်းငယ်လေးများ လိုက်မလာလျှင် သူဖွင့်ပြောမည့်စကားများကို နောက်နှစ်ကျောင်းတက်ဖို့ပြန်လာမှဖွင့်ပြောတော့မည်ဟု သူတွေးမိသည်။

ရထားပေါ်တက်ခံနီးတွင် သူ၏ဆဠမအာရုံအရတစ်ယောက်ယောက် စိုက်ကြည့်နေသူဟု ခံစားရတာမို့ သူလှည့်ကြည့်လိုက်ချိန်တွင်တော့ သူ၏မျက်ဝန်းငယ်လေးဟာ စာအုပ်ကလေးကိုင်ရင် ရပ်နေခဲ့သည်။ထိုအချိန်တွင် ဂျောင်ဂု၏အသိထဲတွင် ထိုမျက်ဝန်းငယ်သာရှိတော့သည်။အခြားသူတွေလည်းမရှိတော့ပေ။သူ၏ရှည်လျားသောခြေတံများကို အသုံးပြု၍ ထိုမျက်ဝန်းငယ်လေးဆီကိုအရောက်သွားကာ နူးညံ့ချိုမြိန်နေသော နှုတ်ခမ်းဖူးလေးဟာ ရယူနမ်းရှိုက်မိခဲ့သည်။

တစ်ဖက်တွင် မျက်ရည်များစီးကျစွာ ပြန်လည်တုံ့ပြန်လာသည်အနမ်းများကြောင့် ဂျောင်ဂုရင်ထဲတွင် ထာဝရမည်သော ရောင်စဉ်လေးများ ဖြာထွက်နေတော့သည်။

သူမလွတ်တမ်းဆွဲထားတော့မည် လက်ပိုင်ရှင်ကလေးရဲ့အမည်နာမလေးဟာ
'ကင်မ်
    ဆော့
       ဂျင်'တဲ့။။

**************JK'S povပြီးပါပြီ**********
အစအဆုံးလိုက်ပါစီးမျှောပေးကြတဲ့ စာဖတ်သူလေးများကို အထူးကျေးဇူးတင်ပါတယ်ရှင့်💜💜

You've reached the end of published parts.

⏰ Last updated: Nov 13, 2023 ⏰

Add this story to your Library to get notified about new parts!

Yours(One Short )✔️✔️Where stories live. Discover now