မိုးပြာရောင်ကောင်းကင်ကြီးအောက်က သက်ရှိသတ္တဝါတိုင်းဟာ ကိုယ့်အကြောင်းနဲ့ကိုယ် ရုန်းကန်လှုပ်ရှားနေကြသည်။အဲ့ထဲမှာ အထက်တန်းကျောင်းသားဖြစ်တဲ့ဆော့ဂျင်အပါအဝင်လည်းဖြစ်တယ်။ဆော့ဂျင်ဟာ စာကြိုးစားတဲ့ကျောင်းသားထဲမပါပေမဲ့ အလွန်ကိုတိတ်ဆိတ်တဲ့အတန်းသားထဲမှာတော့ပါဝင်သည်။
ပုံမှန်လည်ပတ်လှုပ်ရှားနေတဲ့ဆော့ဂျင်ဘဝထဲမှာ ဘယ်အရာမှအရေးပါတယ်လို့မခံစားရပေ။မိသားစုဟူသည်မှာ ဆော့ဂျင်အတွက်တော့ အဓိပ္ပာယ်ဖွင့်ဆိုရန်ခက်ခဲလွန်းပြန်သည်။ဆော့ဂျင်ဟာ အချိန်နဲ့အမျှတိတ်ဆိတ်နေတက်သလို ဦးတည်ရာမရှိလျှောက်လွင့်နေတဲ့ တိမ်စိုင်ငယ်နဲ့တူပြန်သည်။
ဒါပေမဲ့ ဆော့ဂျင်၏ဘဝတစ်ဆစ်တစ်ချိုးကို ပြောင်းလဲစေခဲ့တဲ့ မျက်ဝန်းတစ်စုံကိုရှာဖွေတွေ့ရှိခဲ့လေသည်။ဆော့ဂျင်၏အရာအားလုံးကို ဦးတည်ချက်ရှိအောင်လုပ်ပေးခဲ့တဲ့ မျက်ဝန်းတစ်စုံကို ကျောင်း၏သစ်ပုတ်ပင်အိုကြီးအောက်တွင် ရှာတွေ့ခဲ့လေသည်။ဆော့ဂျင်သဘောကျရသည့် မျက်ဝန်းတစ်စုံဟာ သိပ့်ကိုခက်ထန်ကာ တခါတလေမှာတော့ တည်ငြိမ်နေတက်သည့်ရေကန်ငယ်လေးနဲ့တူပြန်သည်။
ဆော့ဂျင်ငေးကြည့်ခဲ့ရသည်...ချောင်းကြည့်ခဲ့ရသည်...မျှော်ကြည့်ခဲ့ရသည်...ခိုးကြည့်ခဲ့ရသည့် ထိုမျက်ဝန်းတစ်စုံဟာ သိပ့်ကိုမှခက်ထန်ကာ လူတစ်ဦးကို သေစေနိုင်သည်အထိ ညို့အားပြင်းလေသည်။ဆော့ဂျင်စုဆောင်းထားတဲ့ ဖလင်တွေအောက်တွင် ထိုမျက်ဝန်းတစ်စုံဟာ သိမ်းဆည်းခြင်းခံခဲ့ရလေသည်။
ထိုမျက်ဝန်းတွေဟာ အညိုနဲ့အနက်ကို အချိုးကျပေါင်းစပ်ထားပြန်သည်။အမြဲလိုလိုထိုင်နေတက်သည့် အမျိုးသားဟာ အမှန်တော့ အထီးကျန်သူတစ်ယောက်ပင်ဖြစ်လေသည်။ချစ်တယ်...အရမ်းပင်ချစ်သည်....မပြောရဲပါ...ဖွင့်ပြောမရဲပါ။စိန်တစ်ပွင့်လိုမာကျောလွန်းတဲ့စိတ်ရှိတဲ့ ထိုအမျိုးသားကို ဆော့ဂျင်ဖွင့်မပြောရဲပါ။ကြောက်သည်...သိပ့်ကိုကြောက်သည်။အပြစ်မရှိတဲ့မိန်းမပျိုလေးကို ကျောင်းခေါင်မိုးထပ်မှာ ထားခဲ့သလို ဆော့ဂျင်ကို ထားခဲ့မှာကြောက်သည်။
YOU ARE READING
Yours(One Short )✔️✔️
Fanficတချိန်လုံးမျှော်ကြည့်ခဲ့ဖူးတယ် လူတစ်ယောက်ရှိခဲ့ဖူးကြလား~