part 11

2.2K 80 4
                                    


"အန်တီ!"

"ဘာဖြစ်လို့လဲကလေးငယ်"

"ဘယ်သွားနေတာလဲ အိပ်ယာနိုးတာနဲ့အန်တီ့ကိုအရင်ဆုံးတွေ့ချင်တာပါဆို ဟွန့်"

"အမြတ်တော်မရှပါနဲ့ကွယ်  ကလေူအတွက်ဖက်ထုပ်လုပ်ပေးနေလို့ပါ "

"တကယ်လား"

"တကယ်ပါနော် တို့အစောကြီးထပီးဈေးသွားထားတာ"

"ပီးတော့ ဖက်ထုပ်မျက်နာနဲ့ခွင့်လွှတ်ပေးလိုက်မယ် ဟွန့်"

"ဟုတ်ပါပီရှင် လာခဲ့ တို့သွားတိုက်ပေးမယ်"

"ဟီးးးအ့ကြောင့်ချစ်နေရတာ မွ"

မြတ်ရဲ့အရာရာဟာကလေးပဲမို့ သူလေးပြုံးနေရင်ကို မြတ်အတွက်အရာအားလုံးပြည့်စုံနေပါပီ
ဂျစ်တူးလေးဟာလေ လူတကာအပေါ် ငဲ့ညာသနားတတ်သလောက် မြတ်အပေါ်ဆို စတွေ့ကတဲကငစွာလေး အွန် အဲ့ငစွာလေးကပဲ မြတ်ရဲ့နလုံးသားလေးဖြစ်နေတာ

"အဝတ်လဲပီး လိုက်ခဲ့တို့စောင့်နေမယ်နော်"

"ဟုတ်"

ယွန်းလဲအဝတ်လဲပီး အောက်ဆင်းလာလိုက်တယ် ထမင်းစားပွဲရောက်တော့ တွေ့ရပါပီ
ဖက်ထုပ်တဲ့ ထုပ်ထားတာတစ်ခုမှမတွေ့ရဘူး
ပထဲကအသားတွေကအပြင်ထွက်ပီး ဖက်ရွက်ကသပ်သပ် ရယ်ချင်စိတ်ကိုအောင့်ထားပီး ယူစားလိုက်တော့ မျှော်လင့်တကြီးကြည့်နေတဲ့ အန်တီပါလေ

"အွန် ကောင်းလိုက်တာ "

"တကယ်လား"

"တကယ်ကောင်းတာ အချစ်ရဲ့"

"တော်သေးတာပေါ့ တို့က ကလေးမကြိုက်မာစိုးနေတာ"

အန်တီ့ဖက်ထုပ်ကတကယ်အရသာရှိပါတယ်
ပုံစံလေးမလှတာကလွဲလို့ပေါ့

"လာထိုင်ပါဦးအန်တီရဲ့ "

နဖူးမှာစို့နေတဲ့ချွေးလေးတွေက အန်တီဘယ်လောက်ပင်ပန်းထားလဲဆိုတာရဲ့သက်သေပဲလေ

"နောက်ခါ ထပ်မလုပ်နဲ့တော့နော်"

"ကလေးမကြိုက်ဘူးလား"

မျက်နာသူငယ်လေးပြောလာတဲ့အန်တီဟာလေ
နမ်းပစ်ချင်စရာပါ

"အွန် အခုလိုအန်တီအပင်ပန်းခံတာကိုမကြိုက်ဘူး အန်တီကယွန်းရဲ့အိမ်ဦးနတ်ဖြစ်လာမယ့်သူ
အ့တာကြောင့် ယွန်းကပဲအိမ်မှုကိစ္စလုပ်ပေးပါရစေ အန်တီ့လက်ကလေးတွေအနာတရဖြစ်ရင်ယွန်းရင်ကျိုးရလိမ့်မယ် "

ဓူဝံကြယ်လေး (Completed)Where stories live. Discover now