White Lies (1)

163 20 1
                                    

^^^^^^
ငါ့ရဲ့ ဓားသွားထက်မှာမင်းနှလုံးသား ရှိမယ့်အချိန်ကို
ငါ သိပ်မျှော်နေခဲ့တာ မင်းသိမယ်မထင်ဘူး

ငါ့ရဲ့ နှလုံးသားကို မင်းရဲ့ ဓားသွားအောက်မှာ ရဲရဲ ကြီး အပ်နှံရဲတယ် မင်းအပေါ်ထားတဲ့ ငါ့ရဲ့ အချစ်ကို ယုံလို့

^^^^^^^^^










"တီ တီ တီ တီ"

နှလုံးခုန်နှုန်း အရမ်းနည်းနေပြီဒေါက်တာ

"ဘယ်လိုဖြစ်တာလဲ ခုနကထိ ခွဲစိတ်နေတာ အခြေအနေကောင်းနေသေးတယ်လေ"

"သွေးယိုစိမ့်မှု အရမ်းများနေပြီ"

"Charge to 200!! Clear !"

"ဒေါက်တာ "

"ဒေါက်တာ "

ဘေးက အနှီ ဆရာဝန်‌မလေး ဘယ်လောက်ပင်အော်နေပါစေ လူနာအသက်ကို ကယ်ဖို့ကြိုးစားနေတဲ့ ဒေါက်တာ က မည့်သို့မျှပင်မမှု

မျက်နှာမှာ mask အုပ်ထားပေမဲ့လည်း နှဖူးမှာ ချွေးစတွေနဲ့

စက်ကိုပင် အားမကိုးတော့ပဲ လူနာကုတင်ပေါ်တက်ကာ မိမိ လက်နှင့် အသက်ကယ်ရန် အတတ်နိုင်ဆုံး ကုသပေးနေသည်

နှလုံးခုန်နှုန်းတေ ငြိမ်ကျသွားတာတောင် ဆရာဝန် ပီသစွာ ကြိုးစားပမ်းစား ကုသ‌နေဆဲ

"ဒေါက်တာ "

နောက်ဆုံး သက်ပြင်းချသံ တခုနှင့်အတူ

"သေဆုံးချိန် ******"

ချွေးတေဆို့နေပြီ ဖြစ်တဲ့ အနှီဒေါက်တာသည် ခွဲခန်းထဲက အထွက်မှာတော့

"ဒေါက်တာ ကျမ ကျမ ယောကျား အခြေနေ"

"တောင်းပန်ပါတယ် ခမျာ လူနာရဲ့ အသက်ကို မကယ်တင်လိုက်နိုင်ပါဘူး"

"ရှင် ဘယ်လို ဒေါက်တာ ‌ဒေါက်တာပြောတော့ ခွဲစိတ်ခန်း အောင်မြင်မှာပါဆို ခု ခုတော့ ဘယ်လို ဖြစ်တာလဲ ဒေါက်တာ "

လူနာရှင်ထင်ရတဲ့ မိန်းမသည် ထို အနှီဆရာဝန်ကို သူမရဲ့ ယောက်ျား သေဆုံးသွားသည်ကို မယုံနိုင်ကာ ငိုယို ပြီး ပြောဆိုနေလေသည်။




ထိုဆရာဝန်လေးကတော့  လူနာရှင်မိန်းမအနားနေ တုန်လှုပ်စွာ  ထွက်ခွာသွားပြီး သူဦးတည်တဲ့ နေရာကတော့

White LiesWhere stories live. Discover now