"အင်းမ်းးး ပင်ပန်လိုက်တာကွာ"Chanyeol တယောက် အကြောဆန့်ရင်း ညီးတွားနေမိသည်။
ဆေးရုံလေးမှာ လူရှုပ်နေကြဆိုပေမဲ့ ယနေ့ အတော်ကို လူများသည်ပြောရမည်။
ရောက်လာသည့် လူနာများ မနက်စောစော ကတည်းက တဖွဲဖွဲ ရောက်နေသဖြင့် သူတို့ ဆရာဝန်အုပ်စု မနက်စာ ကော နေ့လယ်စာပင်သေချာ မစားရသေးပင်ညနေ စောင်းလောက်မှ လူစဲသွားသည်။
အကြောဆန့်ရင်း ဘေးဘီ ငေးကြည့် မိတော့ ကလေး တယောက်ကို ချိုချဉ်လေး ပေးကာ ဆေးတိုက်ရန် ချော့မြူနေသော ကောင်လေး
ဂျူတီကုတ် အဖြူလေးနဲ့ ထိုသူက ကလေးနဲ့ အပြိုင်ပင် ချစ်ဖို့ကောင်းနေလေသည်။
ထိုကလေးဆရာဝန်လေးဟာ ပိုရင်းနှီးလေ ကလေးလို ပိုဖြူစင်လေ ဆိုတာ သိလာခဲ့ရသည်။
ဆေးရုံရောက်ခါစတုန်းက ခပ်မာမာ အသံလေးနဲ့ အော်ခဲ့တဲ့ သူကို အနည်းငယ် ရှိန်ခဲ့မိတာတော့ အမှန်
ဖြူစင်တဲ့ မျက်နှာလေးကြောင့် ကျတော် ရင်ခုန်သံတေ အဆမတန် မြန်ခဲ့ရသည်ဆိုလည်း မမှားပေ
မြင်မြင်ချင်း အချစ်လို့ လွယ်လွယ် ခေါင်းစဉ် မတပ်ချင် စွဲလမ်းမှု မဟုတ်တဲ့ မြတ်နိုးခြင်းလို့ ပြောရင် မှန်လေမလား
"အဟမ်း "
"ငေးနေတာ တဖက်သူကို အားနာပါအုံးခမျာ"
"ဟမ် ဟဲဟဲ မင်း ဘယ်တုန်းကရောက်နေတာလဲ "
" မင်းခုနက ပတ်ဝန်းကျင် မေ့နေလောက်အောင် ငေးနေတဲ့ အချိန်ကတည်းကပဲ"
" အော် နေပါအုံး မင်း ပြီးပြီလား ပြီးရင်လည်း ထမင်းစားရအောင်လေ"
"အင်း မင်းဆာရင် စားနှင့်လေ ငါ junmyeon ကို စောင့်လိုက်အုံးမယ်"
" ဟင် မပြီးသေးဘူးလား junmyeon က"
"အေး ဟုတ်တယ် လူနာတယောက်ကျန်တာ
အဲ့အဘိုးက junmyeon ကို အတော် ခင်တွယ်တဲ့ ပုံပဲ junmyeon ပြောတာကိုပဲ နားထောင်တာ"" ငါ Junmyeon ကို ကြင်နာတတ်မှန်း မထင်ခဲ့ဘူး"
" အင်း ငါကောပဲ"
Chanyeol မှတ်ချက်စကား ကြောင့် အတွေးတွေဟာ လွန်ခဲ့တဲ့ တလလောက်ခန့် အချိန်ဆီသို့~~
YOU ARE READING
White Lies
Fanfictionငါ့ရဲ့ ဓားသွားထက်မှာမင်းနှလုံးသား ရှိမယ့်အချိန်ကို ငါ သိပ်မျှော်နေခဲ့တာ မင်းသိမယ်မထင်ဘူး ငါ့ရဲ့ နှလုံးသားကို မင်းရဲ့ ဓားသွားအောက်မှာ ရဲရဲ ကြီး အပ်နှံရဲတယ် မင်းအပေါ်ထားတဲ့ ငါ့ရဲ့ အချစ်ကို ယုံလို့