နေရောင်ခြည်နွေးနွေး ဟာ ကမ္ဘာမြေကြီး ပေါ်ကို နွေးထွေးစွာ လွှမ်းခြုံကျနေသည်မှာ ဆောင်းရာသီရဲ့ မနက်ခင်းကို အနွေးဓာတ်လေး နဲ့ အစပြုစေသည်။နှင်းများ ဖုံးလွှမ်းနေတဲ့ အဖြူရောင် လမ်းထက်မှာတော့ ခြေရာသေးသေးလေးတွေ ဘေးမှာ အနည်းငယ် ကြီးမားတဲ့ ခြေရာလေးတွေက နေရာယူလျက်
မြင်မြင်သမျှ အရာလေးတွေက ဆင်တူ လေးတွေ ဖြစ်နေသည့် အပြင် တခုမှာ အမြဲတမ်း သေးငယ်နေပြီး ကျန်တခုက အနည်းငယ်ကြီးနေသည်။
ဆေးရုံငယ်လေးဟာတော့ ယေန့မှာဖြင့် တိတ်ဆိတ်ငြိမ်သတ်လျက်
****************
ဖြူလွှလွှ လိုက်ကာ ပါးလေး တချက်အလွှင့် မျက်နှာထက် ဖြာကျလာတဲ့ နေရောင်ခြည်ဟာ ယနေ့မှ နွေးထွေးနေသည်။
လေပြည်ညှင်းလေး တိုက်နေသည်ကြောင့် လိုက်ကာပါးလေးက ကိုယ့်မျက်နှာနား တချက်ချက် လာလာထိသည်ကို လျစ်လျူရှုရင်း
နွေးထွေးမှုကို မျက်စိမှိတ်ကာ တိတ်တဆိတ် ခံစားနေမိသည်။
မျက်စိမမှိတ်ခင် မျက်ဝန်းထောင့်က ပြက္ခဒိန်မှာ မြင်လိုက် သည်က ယနေ့ဟာ February 14
အချိန်တခုလောက် မှိန်းနေရင်း လှည့်ကြည့်မိတော့ ကုတင်ထက်က စောင်ဖြူဖြူတွေကြားမှာ နစ်မြုပ်နေတဲ့ တစုံတယောက်
ညက သောက်တဲ့ အရှိန်ကြောင့် ခုထိ နိုးမည့်ပုံမပေါ်
ပြတင်းပေါက်ဘက် ပြန်လှည့်ရင်း တွေးမိတွေးရာ တွေးနေရာမှ
ဘာရယ် မဟုတ် ညက စကားတွေနဲ့ ဆုံခဲ့ဖူးသည့် မျက်ဝန်းတစုံကို သတိရမိတော့ အနည်းငယ်ပြုံးမိသည်။
/ဆယ်ဟွန်းက ရုပ်ချောတော့ ကောင်မလေးတွေ ဝိုင်းနေမှာပဲ
ဒီက nurseမလေးအချို့ ဆရာ round လှည့်ချိန်တိုင်း ငေးနေတာကို မသိပါဘူးလို့တော့ မငြင်းနဲ့နော်
မနက်ဖြန်တော့ ချောကလက်တွေ ဒေါက်တာ စားပွဲပေါ်မှာ ပုံနေတော့မှာ ဗျို့/
February 14
ချစ်သူများနေတဲ့
သတ်မှတ်ခဲ့သူက သတ်မှတ်ခဲ့သည်မို့ ရှိလာပြီလေ
YOU ARE READING
White Lies
Fanfictionငါ့ရဲ့ ဓားသွားထက်မှာမင်းနှလုံးသား ရှိမယ့်အချိန်ကို ငါ သိပ်မျှော်နေခဲ့တာ မင်းသိမယ်မထင်ဘူး ငါ့ရဲ့ နှလုံးသားကို မင်းရဲ့ ဓားသွားအောက်မှာ ရဲရဲ ကြီး အပ်နှံရဲတယ် မင်းအပေါ်ထားတဲ့ ငါ့ရဲ့ အချစ်ကို ယုံလို့