တစ်ဖြောက်ဖြောက်နဲ့ ရွာသွန်းနေတဲ့ မိုးရေစက်တွေကို စာအုပ်ဆိုင်ထဲကနေ ကော်ဖီတစ်ခွက်ကိုင်ထားရင်း ယုဂျီမင်း တစ်ယောက် ငေးကြည့်နေမိသည်
မစို့မပို့နဲ့ မိုးရွာနေခြင်းက မောင့်ကို ပိုလွမ်းအောင် လုပ်နေသလိုပင်
မောင်.....ဒီနေ့နဲ့ဆို မောင်ဟာ မပြောမဆိုနဲ့ ကျွန်မ ဘဝထဲကနေ ရုတ်တရက်ပျောက်သွား ထွက်သွားခဲ့တာ ငါးလတောင် ရှိနေရောပေါ့
ရုတ်တရက် ယုဂျီမင်းဆိုတဲ့ ကျွန်မရဲ့ ဘဝထဲကို ရောက်လာခဲ့ပြီး ရုတ်တရက် ဘာမှမပြောဘဲ ပြန်ထွက်သွားတဲ့ မောင့်ကို ကျွန်မ ဘယ်လိုတွေးတွေး နားမလည်တော့ပါဘူး
မိုးရေတွေထဲဲ ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ မော်တော်ယာဥ်တွေကို လူတွေကို ငေးကြည့်ရင်း မောင့်အကြောင်း တွေးနေမိလိုက်တာ ကော်ဖီတွေ အေးစက်သွားတာတောင် ယုဂျီမင်း မသိတော့ပေ
မောင်ရယ် ဖုန်းလည်းဆက်စရာမရှိ လူကြုံပါးရမယ့်သူလည်း မရှိ အဆက်အသွယ်ဖြတ်ပြီး ကျွန်မကို တစ်ယောက်တည်း ပစ်ထားခဲ့တာ ပျော်ပါရဲ့လား
"ဂျီမင်းရေ မိုးတွေတအားရွာနေတော့ ဘယ်သူမှမလာလောက်တော့ဘူးထင်တယ် စာအုပ်ဆိုင် သိမ်းလိုက်တော့ "
"ဟုတ်ကဲ့ တီလေး "
ဂျီမင်း သက်ပြင်းချပြီး သူ့အဒေါ် မီယောင်းရဲ့ ပြောစကားကို ပြန်ဖြေလိုက်သည်
တီလေးက ဆိုင်ပိတ်ခိုင်းနေတယ် မောင်က မိုးရေထဲကနေ စာအုပ်ဆိုင်ထဲ ပြေးဝင်လာရင် ဘယ်လိုလုပ်မလဲ..... မောင့်အတွက် ပိတ်လို့ဖြစ်ပါ့မလား
မောင်တစ်ယောက် ရုတ်တရက် supriseဆိုပြီး သူ့ဆီရောက်လာမလားလို့ မျှော်လင့်ချက်တွေနဲ့အတူ ယုဂျီမင်းမှာ ညစဥ်ညတိုင်း စာအုပ်ဆိုင်ပိတ်ဖို့ တွေဝေနေလေ့ရှိသည်
သို့သော်လည်း မောင်ကတော့ ဂျီမင်းဆီ ရောက်မလာခဲ့ပါ
မောင်မရှိတဲ့ နေ့တစ်နေ့ကို စတင်ဖို့ ဂျီမင်း အိပ်ရာကနေ ပျင်းရိစွာ ထလိုက်သည်
ဒေါ်လေးမီယောင်းက ကျန်းမာရေး သိပ်မကောင်းတာမို့လို့ ဂျီမင်းကဘဲ စျေးသွားချက်ပြုတ်လုပ်ပေးရသည်