မိမိကြောင့် တစ်ပါးသူ အလုပ် ပြုတ်မှာဆိုးလို့သာ ဂျီမင်း လိုက်ဖို့သဘောတူလိုက်တာ ဘယ်ကို သွားနေမှန်း ဂျီမင်းမသိပေ
သူ့ကိုခေါ်လာတဲ့ အမျိုးသမီးတွေကို မေးကြည့်တော့လည်း ရောက်တဲ့အခါ သိမှာပေါ့တဲ့ ကဲ
ကျွန်မက မသိတဲ့ သူစိမ်းတွေနောက် လိုက်သွားတာကို မောင်သာသိကြည့် ဘယ်လောက်တောင် ဆူလိုက်မလဲ
အခုတော့ ဆူဖို့နေနေသာသာ မောင်က ဘယ်ရောက်နေမှန်းမသိ အရင်လို ကျွန်မရဲ့ တစ်နေ့တာကို မောင်က သိချင်နေသေးလား မသိချင်တော့ဘူးလား
လုံးဝကို ပျောက်ချက်သား ကောင်းတဲ့မောင်
ကျွန်မ ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် စိတ်နာပြီးများ ထွက်သွားလေသလားသူ့အကြောင်းတွေ လိုက်စုံစမ်းဖို့ နေနေသာသာ သူ့လိပ်စာ သူ့ဖုန်းနံပါတ် သူ့မိဘတွေအကြောင်း ဘာဆိုဘာမှသိခွင့်ရခဲ့တာမဟုတ်
အရှင်းဆုံးပြောရရင် သူ့နာမည်အရင်းတောင် ကျွန်မ မသိပါ
ဒီအတိုင်း ကျွန်မထက် ငယ်ပြီး ချစ်ဖို့ကောင်းတဲ့သူမို့လို့ ချစ်စနိုးနဲ့ မောင်လို့ ခေါ်ခဲ့ခြင်း ဖြစ်သည်
ကဲ ကျွန်မ အဖြစ်ကို ကြည့်ပြီး ရှင်တို့ ပြက်ရယ်ပြုကြရောပေါ့ မတတ်နိုင်ဘူးလေ ကျွန်မက မျက်စိစုံလုံးမှိတ်ပြီး ချစ်မိတာကိုး
မနက် မိုးလင်းတာနဲ့ ကျွန်မရဲ့ ဆိုင်ကို ရောက်လာတဲ့ မောင့်ကို ကျွန်မ လွမ်းတယ်
ကျွန်မ ကျောင်းသွားရင်လည်း ကျောင်းထိလိုက်ပို့တတ်သူ
စာအုပ်ဆိုင်အတွက် စာအုပ်တွေသွားဝယ်ရင်လည်း ဘေးကနေ လိုက်လာပေးသူ
မုန့်အတူစားရင်တောင် မုန့်မစားဘဲ ခွေးပေါက်လေးတစ်ကောင်လို ရွှန်းလဲ့ပြီးချစ်စရာကောင်းတဲ့ မျက်ဝန်းတွေနဲ့ ကျွန်မကို ထိုင်ကြည့်နေတတ်သူ
အခုတော့ ပြန်လာအုံးမှာလား မပြန်လာတော့ဘူးလား သိခွင့်မရသူဖြစ်နေပြီ
ကားကြီးက ဘယ်လောက်ကောင်းလဲဆို ငြိမ့်ညောင်းပြီး Air conကလည်း အေးစက်လို့