အန်တီမီယောင်းမှာ မောင့်ကို သံယောဇဉ်တော့ ရှိပေမယ့် အိမ်လိပ်စာတောင်မှ ပြောပြခြင်း မရှိ အလုပ်လည်း ရှိပုံမရသော... စဉ်းစားရခက်သည့် မောင်နှင့် ယုဂျီမင်းကို ခွင့်မပြုနိုင်ခဲ့
အိမ်ထောင်ပြုခြင်း ဆိုတာဟာ မိန်းကလေး တစ်ယောက်၏ ဘဝမှာ အရေးပါလှသော အစိတ်အပိုင်း တစ်ခုပဲ မဟုတ်လားဆိုပြီး မောင့်ကို အလုပ်တစ်ခုခုတော့ ရှာဖို့ ဂျီမင်းကနေ တစ်ဆင့် ပြောခိုင်းသည်
ဂျီမင်းက ပြန်ပြောတော့ မောင့် မျက်နှာ မကြည်လင်
နောက်ဆုံး မောင် စိတ်ဆိုးသွားပြီး ပေါ်မလာတော့သောအခါကမှ အန်တီမီယောင်းတစ်ယောက် မျက်ရည်ကလေး စမ်းစမ်းနှင့် မိန်းမ သားပီပီ တဖျစ်တောက်တောက် ပြောရင်း ဆိုရင်း မျှော်နေခဲ့တာ ခုထိပင်
“ဂျီမင်း..”
ခေါ်သံကြောင့် ဂျီမင်း အတွေးလွန်ရာက မော့ကြည့်လိုက်သည်
အန်တီမီယောင်းက ဂျီမင်း ခေါင်းကလေးကို အုပ်ကိုင်ကာ ပြုံးပြုံးကြီး ရပ်နေ၏
‘အန်တီတို့ ပြန်မယ်"
အန်တီမီယောင်း စကားက ငါးလုံးတည်းနှင့် မှီ့ ရင်ထဲ တဆတ်ဆတ် တုန်ခါသွားစေသည်
မိဘ မရှိတော့ကတည်းက အန်တီမီယောင်းက မိဘသဖွယ်မို့ အားကိုးချစ်ခဲ့ရတာ
ဂျီမင်း မှတ်မိသလောက် ခုချိန်ထိ သူ့အန်တီနှင့် တစ်ညမှ ခုတင် ခွဲကာ မအိပ်ဖူးသေး
“ဟုတ်... ဟုတ်ကဲ့ "
သူငယ်ချင်းတွေပါ စားပွဲက ထရပ်သည်
ရယ်ဂျီ နဲ့ ရူဂျင်းသွယ်ရောက အိမ်နီးနားချင်း ချည်းပဲမို့ အန်တီမီယောင်းနဲ့ ကားတစ်စီးတည်း ပြန်ဖို့ စီစဉ်ထားသည်“နက်ဖြန် ကျောင်းကျမှ တွေ့ကြမယ်ဟာ"
“နင်က ချက်ချင်း ကျောင်းပြန်တက်မှာလား၊ ဟန်းနီးမွန်းလေး ဘာလေး မသွားဘူးလား"
“သူက ဘာမှမပြောဘူး”
“ကဲ .. သမီး အန်တီ ဆုံးမထားတာတွေ ဘာတစ်ခုမှ မမေ့နဲ့နော် လိမ်လိမ်မာမာနေနော် ... အန်တီပြန်မယ်"