1

1.1K 98 6
                                    

Unicode

"ဒုန်း...... ခလွမ်း...."

နားစည်ထဲ ဆောင့်တိုးကာ ဝင်လာသည့်အသံကြောင့် ခြယ် တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရာမှ ကိုယ်လုံးလေး တုန်တက်သွားရသည်။

" sorry..... sorry..."

ခပ်တိုးတိုး ရေရွတ်သံ နှင့်အတူ မရှေးမနှောင်းမှာပင် အခန်းတံခါး ဆွဲပိတ်လိုက်သံက ဆက်တိုက် ထွက်ပေါ်လာသည်။

တဒိတ်ဒိတ် ဆောင့်တိုးလာသည့် သွေးခုန်နှုန်းနှင့် နှလုံးခုန်နှုန်းများကို အသက်ပုံမှန်ရှူကာ စိတ်ကို လျှော့ရင်း ထိန်းချုပ်ရသည်။

လူကတော့ ကုတင်ပေါ်ငုတ်တုတ် ထိုင်မိလျက်သား။

" ကျစ်..!!!"

အိပ်ကောင်းနေတုန်း လှန့်နှိုးလိုက်သလို ခံစားချက်က တကယ်ကို ဆိုးရွားလွန်းသည်။

" ကောင်းကင်ရောင်....."

ခြယ့် ရေရွတ်သံကို ကြားတော့မည် မဟုတ်။
ထိုသို့ပင် ကပျက်တိ ကပျက်ချော်နှင့် အိုးနင်းခွက်နင်း ဖြစ်တတ်တာ ကောင်းကင်ရောင်​၏ သင်္ကေတ။

"စောစောစီးစီး အာရုံပဲ တကယ်"

ဆက်အိပ်၍လည်း မရတော့တာမို့ ကုတင်ပေါ်မှ ဆင်းကာ ခန္ဓာကိုယ်ပေါ် ကပ်နေသည့် ညအိပ်ဝတ် ဖဲသား Pajamasနို့နှစ်ရောင်ကို ဆွဲဆန့်လိုက်သည်။

မနက် (၈) နာရီ။
သိပ်အစောကြီးတော့လည်း မဟုတ်ပါ။
ဒါပေမဲ့ နက္ခတ်ခြယ် ဆိုသည်က ည သန်းခေါင်ကျော်၊မိုးလင်းပိုင်းမှ အိပ်ရာဝင်ပြီး နေ့လယ်လောက်မှ ထ တတ်သူလေ။

" ကောင်းပါတယ်။ Show Room သွားစရာရှိတာပဲ"

တစ်ကိုယ်ထဲ ရေရွတ်ကာ Pajamas ကို ချွတ်ချ၍ ကုတင်ခြေရင်းက အဝတ်ခြင်းထဲ ထည့်ရင်းကိုယ်လုံးပေါ်မှန်ရှေ့ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ ကြည့်သည်။

ဝင်းမွတ်ကြည်လင်နေသည့် အသားအရေနှင့် အပိုအလိုမရှိ သည့် ခန္ဓာကိုယ် ကောက်ကြောင်းက မြင်ရသူ ရူးလောက်မည်။

သေချာလို့လား။
လူမှန်ရင် ရူးရမယ်ဆို အဲ့ဒီမိန်းမ က လူမဟုတ်လို့လား။

နက္ခတ်ခြယ် ကောင်းကင်Where stories live. Discover now