𝘛𝘩𝘢𝘯𝘬𝘪𝘦 𝘛𝘢𝘭𝘨𝘪

660 62 8
                                    

ခြံဝန်းကျယ်ကြီးထဲရှိ မြက်ခင်းပေါ်တွင် သေသပ်စွာနေရာချထားသည့် စားပွဲဝိုင်းများ။ကြိုးတန်းလေးများဖြင့် အသေချာချိတ်ကာ အလှဆင်ထားသည့်မီးလုံးဝါများအပြင် စားပွဲဝိုင်းများ၏အရှေ့တွင်တော့ အကျအနပြင်ဆင်ထားတဲ့ မနိမ့်မမြင့်စင်လေးတစ်ခု။ပြင်ဆင်ထားသည့် လိုက်ကာပေါ်တွင်
"Happy Birthday"ဟူသောစာတန်းနှင့် အနီးနားတွင်တော့ အမြင်တင့်တယ်အောင် ချထားပုံရသည့် သုံးဆင့်ပါမွေးနေ့ကိတ်။

မှောင်ရီပျိုးစအချိန်ရောက်လာတာနှင့် ခြံဝန်းထဲသို့တစ်စတစ်စရောက်လာကြသည့်ဧည်သည်များ။ ဝတ်စားပြင်ဆင်ပုံ၊အသုံးအဆောင်တို့ကိုကြည့်လိုက်တာနှင့် အားလုံးဟာလူချမ်းသာအသိုင်းအဝိုင်းကဆိုတာ ဘယ်သူကပဲကြည့်ကြည့် သိသာလွန်းသည်မှာအမှန်။ခြံဝန်းထဲရှိ ထိုလှုပ်လှုပ်ရှားရှားဧည့်သည်များနှင့် ခပ်ဆူဆူစကားပြောသံရယ်မောသံတို့က wonwooကိုစိတ်ရှုပ်စေသည်။

"Happy birthday wonwoo"

"ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ"

အခေါက်ပေါင်းမရေနိုင်တော့တဲ့ စိတ်ရင်းမပါသည့် မွေးနေ့ဂုဏ်ပြုစကားတို့နှင့် သူ၏စိတ်ရင်းမပါတဲ့ကျေးဇူးတင်တုန့်ပြန်မှုအကြိမ်ကြိမ်။လာပြောသည့်သူများသာပြောင်းသွားတာ စိတ်ရင်းမပါသည့် ဂုဏ်ပြုစကားများနှင့်အပြုံးများက အတုအယောင်ဆိုတာတော့ အတူတူပဲမဟုတ်လား။သူ့မွေးနေ့လို့ခေါင်းစဉ်တပ်ကာ စီးပွါးရေးအကျိုးအမြတ်အတွက်လုပ်နေတဲ့ ဒီပွဲကအစပေါ့။ဒီနေရာမှာ ဒီပုံစံအတိုင်းပင်ပုံမပျက်ရှိနေခဲ့တာအနည်းဆုံးနှစ်နာရီလောက်တော့ရှိပြီထင်သည်။နဂိုတည်းက လူအများနှင့်ဆက်ဆံရတာမကြိုက်တဲ့wonwooအတွက်တော့ ပင်ပန်းတာထက်ကိုပိုနေလေပြီ။

• • • •

ကျောင်းဝန်းထဲဝင်လာတည်းက စာသင်ခန်းရောက်တဲ့အထိလျှောက်လာတဲ့လမ်းတစ်လျောက် သူ့ကိုကြည့်ကာတစ်စတစ်စပြောဆိုနေကြသည့်စကားသံများကိုကြားနေရပုံထောက် မနေ့ညကမွေးနေ့ပါတီအကြောင်းဟာ ယခုချိန်လောက်ဆို ဟိုဟိုဒီဒီသတင်းပျံ့နေပြီဆိုတာအသေချာ။ဒါဟာပထမဆုံးအကြိမ်တော့မဟုတ်သော်ငြား ဒီလိုအရာများနှင့်နေသားလည်းမကျ၊ လူတွေနှင့်ပက်သက်လျှင်စိတ်ရှုပ်မြဲစိတ်ရှုပ်ရသည်ကအရင်အတိုင်းပင်။

𝘛𝘩𝘢𝘯𝘬𝘪𝘦 𝘛𝘢𝘭𝘨𝘪Where stories live. Discover now