အပိုင်း-၄

1K 43 2
                                    

အခုဆိုရှင်ထွေးဒီအိမ်ရောက်ထာတစ်ပါတ်ပြည့်ဘီ ဘာမှလည်းမလုပ်ရဘူး

အန်တီမမ ရှင်ထွေးအလုပ်မလုပ်ဘဲမနေချင်ဘူး

အင်း ရတယ်လေ ငါ့စေတနာကိုမမြင်ဘူးပဲ
နောက်၂ရက်နေရင် ငါ့အမျိုးသားမွေးနေ့ရှိတယ်.တစ်ခြံလုံးသန့်ရှင်းနေအောင်လုက်ထား
ငါအရှက်မကွဲချင်ဘူး

ဟုတ်ကဲ့

မမထွေး ပင်ပန်းနေလားဟင်
ရှင်ထွေးမှိုင်နေတုန်းယဥ်လေးရောက်လာကာမေးသည်

မပင်ပန်းပါဘူးညီမလေးရဲ့
ဒီအိမ်ရောက်ထဲကဘာမှမှမလုပ်ရသေးတာ

ဟုတ်တယ် နော်မမ
အန်တီကလေ မမကိုသိပ်ချစ်ထာဘဲ
မမဦးထက်တောင်ချစ်သေးတယ်နော်

ဟင်.ချစ်တယ် ဟုတ်လား
ဘာလို့အဲ့လိုပြောတာလဲ

အမ်း...အန်တီကလေ မမအိပ်နေတုန်းဆို  ဘယ်သူမှအသံမထွက်ရဘူးလို့ပြောတယ်
နေခြည်နဲ့ဂုဏ်ရှိန်တောင် မဆူရဘူးလို့ပြောတယ်

သြော် မဟုတ်ပါဘူးညီမလေးရယ်သူနားငြီးလို့နေမှာပေါ့ ကဲထားပါ
မမလစာထုတ်ရင် ခွင့်ရက်ယူပြီးကစားကွင်းသွားကြမယ်နော်

ဟုတ်မမ

ရှင်ထွေးနဲ့ယဥ်လေးရေ
သူဌေးကအလုပ်သမားတွေဧည့်ခန်းထဲလာကြပါတဲ့
တာဝန်ခွဲပေးမလို့တဲ့

သော် ဟုတ်ကဲ့ အမ
ယဥ်လေး သွားကစားလေ မမသွားလိုက်အုံးမယ်

ဟင့်အင် မကစားချင်ဘူးမမနဲ့လိုက်မယ်

အင်း အာ့ဆိုလည်းမဆူနဲ့နော် ငြိမ်ငြိမ်လေးနေ ဟုတ်ပြီလား
ဟုတ်ကဲ့မမ 😁

ကဲ့ လူစုံကပီဆိုသေချာနားထောင်ကြပါ

နောက်၁ရက်ပီးရင်
ဦးဂုဏ်မွေးနေ့ပွဲရှိတယ်
အိမ်မှာလူစုံနေလိမ့်မယ် အစစအရာရာ အဆင်ပြေနေစေချင်တယ်
ဧည့်သည် တွေကိုသေချာဧည့်ခံကြပါ
လာကြီးလူကောင်းတွေဘဲလာမှာမလို့ မရိုင်းပြမိပါစေနဲ့

မင်းတို့လုပ်ရမှာကဧည့်ဝတ်ကျေဖို့ဘဲ

အစားအသောက်က လူတွေထပ်ခေါ်ထားတယ် မင်းတို့လုပ်စရာမလိုဘူး
ပွဲပီးမှသိမ်းပေးရုံဘဲနားလည်ကြလား

       အတ္တWhere stories live. Discover now