အပိုင်း၆

1.3K 46 2
                                    

ခုရက်ပိုင်းရှင်ထွေးဘာဖြစ်နေတယ်မသိ
အန်တီမမအနားပဲနေချင်နေတယ်
သူက ကိုယ် ဝန်ကြောင့်ငါ့ကိုနမ်းချင်နေတယ်ဘဲထားပါတော့ငါကကော ဘာဖြစ်လို့သူ့အနားနေချင်နေရတာလဲ

မိန်းခလေးချင်းဆိုပေမယ့်အနေထိုင်ဆင်ခြင်မှပါလေ

ခုဆိုအန်တီမမကိုယ်ဝန်က၃လရှိနေဘီ
ဦးလေးကလည်း သူ့အမတေကရတနာဆိုင်ကိုလက်မှတ်ထိုးပေးမယ်ဆိုပီးညနေကသူ့အမတွေဆီပြန်သွားတယ်

ရှင်ထွေးရေ မမကြီးက လာခဲ့ပါအုံးတဲ့
သူ့အခန်းထဲကို

ဟုတ်ကဲ့

ေဒါက်..ဒေါက်.
ရှင်ထွေးပါ

ဝင်ခဲ့လေ☺

အမလေး

ဘာဖြစ်ထာလဲ

မဟုတ်ပါဘူး အဲ့လိုကြီး ပြုံးနေတော့
လန့်သွားလို့ပါ
ဟ်ိုခေါ်ခိုင်းတယ်ဆိုလို့ဘာခိုင်းမလို့လဲဟင်အန်တီမမ

ပြုံးနေတာ ကပျော်စရာရှိလို့ပေါ့
ဒါပေမယ့်မင်းလုပ်ပေးမှရမယ်

ဟင် ဘာလုပ်ပေးရမလဲဟင်

ခုညကစပီးငါနဲ့လာအိပ်ပေးရမယ်

😳

ဟုတ်တယ် လေ ငါကကိုယ်ဝန်ကြီးနဲ့၁ယောက်ထဲအိပ်ရမှာလား

မဟုတ် ပါဘူး ကြီးမြရှိတယ်လေ

မရပါဘူးမင်းလာအိပ်ရမယ်
မင်းကိုငါလစာပေးထားတာ ငါခိုင်းသလိုလုပ်စမ်းပါ
မူယာစိတ်ရှုပ်စွာဆံပင်ကိုဆံကုပ်ဖြင့်လှမ်တင်လိုက်သည်

မျက်ရည်များဝဲကာ အန်တီ ရှင်ထွေးကအန်တီမမနဲ့လာအိပ်ရင် ညီမလေး ကဘယ်သူနဲ့အိပ်ရမှာလဲဟင် သူကသရဲကြောက်တက်တယ်

ကြီးမြနဲ့အိပ်ခိုင်းပေါ့ မဟုတ်လည်းငါ့အခန်းထဲမှာ အိပ်ယာသက်သက်ပြင်ပေးလိုက်
မင်းကတော့ဦးထည်ဝါမလာမချင်းငါနဲ့ဘဲလာအိပ်ပါ သွားလို့ရဘီ

ဟုတ်ကဲ့

နေအုံး ခုညကစလာခဲ့

ဟုတ်

ညနေမှာ ရှင်ထွေးယဥ်လေးနဲ့အိပ်ရန်
အန်တီမမ အခန်းထဲဝင်ကာ ကုတင်ရဲ့ညာဘက်အောက်နားမှာအိပ်ယာခင်းထားလိုက်သည်
ဒီနေ့ ယဥ်လေးက. ကစားကွင်းမှာ နေခြည်တို့အမွှာနဲ့လျှောက်လည်ကာဆော့ထားသဖြင့်
ပင်ပန်းကာ စောစောအိပ်မည်ကိုသိသောကြောင့်ဖြစ်သည်

       အတ္တWhere stories live. Discover now