2

825 124 23
                                    

အတန်းထဲကို ၀င်မယ် ပြင်​တော့ လှမ်းဆွဲပြီး
ထွက်သွားသည့်လူ​ကြောင့် ချွမ်း​ရွေ့ ဟာ ယက်ကန်ယက်ကန်ပါသွားသည်။

လူရှင်းသည့်​နေရာကို​ရောက်​တော့ လွှတ်​ပေးသည်။
လွယ်ထားသည့် အိတ်နဲ့ ဝူဟွန်း ပိတ်ရိုက်​တော့
သ​ကောင့်သားက ရယ်ပြလာသည်။

"​​​သေကုန်​တော့မယ် ဘာလို့ အတင်းဆွဲလာတာလဲ"

ဟိုကြည့် ဒီကြည့်လုပ်​နေ​သည့် ​ကောင် ​ကြောင့်
ချွမ်း​ရွေ့ဟာ မယုံသင်္ကာ။

"အတန်း​ပြေးရ​အောင်"

"မ​ပြေးဘူး၊ဒီ​နေ့မှ ​ကျောင်းပြန်ဖွင့်တယ်
ဒီ​နေ့​ပြေးတယ်ဆိုတာမဖြစ်သင့်ဘူး မနက်ဖြန်​လောက်ဆိုရင်​ရော"

"လုပ်စမ်းပါကွာ ပြန်ဖွင့်တဲ့ရက် ဘယ်သူမှ
မတက်တာမင်းသိသားနဲ့ ၊အဟမ်း ဟမ်း
ငါ ​မမ နဲ့ ပြန်အဆင်​ပြေသွားပြီ ဟား ဟား"

"​​သြော်"
ချွမ်း​ရွေ့သည် ​​လောကကြီးကို အမှန်ပင် စိတ်ကုန်သွား​တော့သည်။ ဒီ နွား​လောင်းဥဿဖ နဲ့လည်း
အ​ပေါင်းသင်းဆက်မလုပ်ချင်​တော့။
***
​အတန်း​ပြေးချင်သူနဲ့ အတန်းမတက်ချင်သူ​တို့၏ ခရီးလမ်းသည် ​ဖြောင့်​ဖြောင့်ဖြူးဖြူး သာသာယာယာ။

"မမ နဲ့ မုန့်သွားစားမယ်၊အရင် ပန််းစည်းသွား၀ယ်မယ်"

"ဒါဆို ငါက​ရော ဘာလိုက်လုပ်ရမှာလဲ"

"မင်းကလည်း မုန့်၀ယ်​​ကျွေးမယ်​လေကွာ၊
တစ်​ယောက်တည်းဆို အားငယ်တယ် မင်းပါ​တော့ ​ပျော်စရာ​ကောင်းတာ​ပေါ့"

ချွမ်း​ရွေ့သည် ဘတ်စ်ကား ပြတင်း​ပေါက်ကတဆင့် အပြင်ကိုသာ ​ငေး​နေ​တော့သည်။
အားငယ်​နေတာ ငါပါကွာ၊ စိတ်အားလည်းငယ်တယ်၊ လူအားလည်းငယ်တယ်၊ ရည်းစားမရှိ​တော့
မျက်နှာပါ ငယ်ရ​သေးတယ်။

​ဘေးနားက တတောက်​တောက်သံကြားမှာ
ချွမ်း​ရွေ့ ဖုန်းထုတ်​ပြီး မ​နေ့ညက app ကို
ထုတ်ကြည့်ဖို့သတိရသည်။

မနက်ကတည်းက လုံးလည်ချာပတ်ရိုက်​နေတာနဲ့
ဖုန်း​တောင်မကြည့်အား။ဘာကိစ္စမှာ​တော့
အ​ထွေ​ထွေထူးထူးမရှိပါဘူး။၀တ်မယ့်
အင်္ကျီရှာ​နေတာနဲ့ လုံးလည်ချာပတ်ရိုက်​နေတာ။

user@all_of_mylove_for_youWhere stories live. Discover now