Part 30

1.1K 84 14
                                    

Part 30

  ဆရာဝန်က အဖျားပိုးက ဦးနှောက်ထဲ
ရောက်လုနီးပါးဖြစ်ခဲ့တာကြောင့်
တချို့အရာတွေမေ့တာ ယာယီပဲလို့ပြောပေမဲ့
ကလေးက ကျွန်တော်ကို အနားကပ်မခံပေ။

" ကိုကိုကြီး အိမ်ပြန်ရအောင် "

ရှောင်းကျန့်ကိုသာ ကလေးတစ်ယောက်လို
ပူဆာနေသည်။

" အင်းပြန်မှာပေါ့
ကိုကိုတို့မနက်ဖြန်ကျရင်ပြန်မယ်နော် "

" မရဘူး အခုပြန်မှာ
ဟန်ပြောပေး "

" ဟင်..."

ကလေးက ဟန်ကိုခေါ်လိုက်တာကြောင့်
အားလုံးအံသြသွားသည်။

" ကိုကိုကြီးကိုပဲမှတ်မိတယ်ဆို
ဟန်ကိုသိစရာအကြောင်းမရှီဘူးမှတ်လား
တင်းနီ မင်းကိုကို့ကို စိတ်ဆင်းရဲစေချင်လို့
တမင်သက်သက်လုပ်နေတာမှတ်လား "

ရိပေါ် ကလေးပုခုံးကိုကိုင်လှုပ်ကာ
​အော်ပြောလိုက်သည်။

" ဝမ်လေး! "

" အဟင့်... ဟင့် လူဆိုးကြီး
သူကိုအပြင်ထွက်ခိုင်း "

" ကိုကို့ကိုမသိဘူးဆိုတာ လိမ်တာမှတ်လား
လိမ်တာလို့ပြော! "

ရိပေါ်အသံအရမ်းကျယ်တာကြောင့်
ကလေးလန့်သွားကာ အော်ငိုသည်။

" အဟင့်...ဟင့်
လူဆိုးကြီး အပြင်ထွက်! "

အရမ်းငိုနေတဲ့တင်းနီကြောင့်
ရှောင်းကျန့် ရိပေါ်ကိုဆွဲဖယ်ကာ
ကလေးကို ဖက်ထားလိုက်သည်။

" လူဆိုးကြီးမဟုတ်ပါဘူး
ကလေးတိတ်တော့နော် "

ရင်းဟန် ရိပေါ်ကိုစူးစိုက်ကြည့်ကာ

" ကလေးနေမကောင်းဖြစ်နေတာတောင်
ဘာလို့ ကိုယ့်စိတ်ကိုရှေ့တန်းတင်နေရတာလဲ
အားလုံးက ရိပေါ်အပြစ်ပဲ မဟုတ်ဘူးလား "

" ဟန်! "

ရှောင်းကျန့် ဟန်ကိုခေါ်လိုက်သည်။
အဓီကက ဆက်မပြောစေချင်တာပါ

" ကလဲ့စားချေမှုမှာ အသက်၁၇နှစ်တောင်
မပြည့်တဲ့ ကလေးကိုစွဲထည့်တဲ့
ရိပေါ်အမှားပဲလေ "

" ဟန်တော်တော့..ဟန်ဘာမှမသိဘူး "

ရှောင်းကျန့် ဟန်ကိုတားလိုက်သည်။
ရိပေါ်ဘာမှပြန်မပြောပဲ အခန်းပြင်ထွက်သွားသည်။

ချစ်သော BabyOù les histoires vivent. Découvrez maintenant