1

739 41 4
                                    

""ဒေါက်တာ ကျနော့်ကိုဘယ်တော့အဖြေပြန်ပေးမလဲ""

ရစ်ခီ သူ့ရဲ့နားထဲက နားကျပ်ကိုအသာချွတ်လိုက်ပြီး စားပွဲခုံကိုလက်ထောက်ကာသူ့ကိုအုပ်မိုးကြည့်နေတဲ့ကောင်လေးကို မော့ကြည့်လိုက်တယ်။

""ကျောင်းသား ဒါကဆေးပေးခန်းပါ ကျောင်းသား ခနခနလာကစားလို့ရတဲ့ ကစားကွင်းမဟုတ်ဘူး""

""ဒါဆိုလည်း ဒေါက်တာကျနော့်ကိုပြန်ချစ်လေ အဲ့တာဆိုကျနော်လည်း ဒေါက်တာဆီကအနမ်းယူဖို့ ဆေးပေးခန်းကို ခနခနလာစရာမလိုတော့ဘူး""

ပြောပြီးတာနဲ့ အဲ့ကောင်လေးက လုပ်နေကျလို့မျိုး  ရစ်ခီရဲ့နှုတ်ခမ်းတွေကိုနမ်းတယ်။ရစ်ခီရုန်းတော့ အဲ့ကောင်လေးကသူ့ရဲ့လက်သွယ်သွယ်တွေကိုဖမ်းချုပ်ပြီး အနမ်းတွေကိုပိုနက်ရှိုင်းစေတယ်။

သူ့ဆီက လွတ်တာနဲ့ပင့်သက်ရှိုက်နေတဲ့ဒေါက်တာကိုကိုကိုကြည့်ပြီး သူနဲ့ရည်းစားတွေဖြစ်ရင် လေ့ကျင့်ခန်းအတူလုပ်မှပါလို့ ဂွန်းဝုတွေးမိတယ်။

""ဒေါက်တာကြားနေကြစကားမျိုးဖြစ်လောက်ပေမယ့် ကျနော်ကတော့မတူဘူး ကျနော်ဒေါက်တာ့ကိုတစ်သတ်လုံးအထိရည်ရွယ်ထားတာ""

""မင်းက....""

""ထပ်ပြီးပြောဦးမှာမလား ကျနော်ကငယ်သေးတယ်လို့ ငယ်သေးပေမယ့်သေချာတယ် ကျနော်ဒေါက်တာကိုချစ်တယ်""

""ဒီနေ့လည်းချစ်တယ် နောက်နေ့လည်းချစ်မယ် တစ်သက်လုံးချစ်မယ် မကြားချင်လည်းဆက်ပြောမှာပဲ ဒေါက်တာ့ကို ချစ်တယ် ချစ်တယ်..""

ဒီကောင်လေးရဲ့စကားက တခြားသူတွေအတွက် ကလေးဆန်ကောင်းဆန်နိုင်ပေမယ့် ကြားလိုက်ရတဲ့ရစ်ခီကတော့ မျက်နှာတစ်ခုလုံးရှိန်းခနဲဖြစ်သွားသလိုပဲ။

""မနက်ဖြန်လည်း ထပ်လာခဲ့ဦးမယ် အဲ့စကားပဲထပ်ပြောနေဦးမယ်ဆိုရင်တော့ ဒေါက်တာ့ကိုနမ်းမယ်""

ပြောချင်တာပြောပြီး ထွက်သွားတဲ့အဲ့ကောင်လေးကို ရစ်ခီဘာတစ်ခုမှမတွန်းလှန်နိုင်ဘူး။ပတ်ဂွန်းဝုဆိုတဲ့အဲ့ကောင်လေးက ကျောင်းမှာအရမ်းဆိုးတယ်ဆိုပြီးနာမည်ကျော်တယ်။ရုပ်ချောသလောက် ဘာလို့ဒီလောက်ဆိုးနေမှန်းရစ်ခီစဉ်းစားမရ။ကျောင်းကိုအသစ်ရောက်လာတဲ့ဆရာဝန်တစ်ယောက်အနေနဲ့ ရစ်ခီကအဆင်ပြေပြေဖြစ်လာမယ်ထင်ခဲ့တာ။‌လူဆိုးကောင်လေးရဲ့မျက်စိကျတာကို သူခံရလိမ့်မယ်မထင်ခဲ့ဘူး။ပတ်ဂွန်းဝုကချမ်းသာပြီး မိန်းကလေးကိစ္စမရှုပ်တတ်ပေမယ့် ရန်ဖြစ်တတ်သလို အရက်သောက်တယ် ဆေးလိပ်‌လည်းသောက်တတ်တယ်။လောင်းကစားဆိုလည်းရတယ်။ဒါတောင် သူ့ကိုကြိုက်တဲ့မိန်းကလေးတွေကဒုနဲ့ဒေး။အဲ့တာကို ဘာလို့များသူ့လိုဘာမှမရှိတဲ့ လခစားဆရာဝန်ပေါက်စလေးကိုလာကြိုက်ရတာလဲ။အသစ်အဆန်းတွေခုံမင်လို့ပဲလား သူငယ်ချင်းတွေနဲ့အလောင်းအစားများလုပ်ထားသေးလား။တကယ့်တကယ်ဆို ဒီမတိုင်ခင်က သူနဲ့ရစ်ခီနဲ့တွေ့ဖူးတဲ့အကြိမ်ဆိုလို့နှစ်ကြိမ်သာရှိဖူးတယ်။တစ်ကြိမ်က ကော်ရစ်တာမှာဆေးလိပ်သောက်နေတာပက်ပင်းတိုးတာရယ် နောက်တစ်ခုကတော့တခြားကျောင်းကကောင်လေးတွေနဲ့ရန်ဖြစ်ပြီး သူ့ရဲ့ဆေးပေးခန်းထဲရောက်လာတဲ့တစ်ကြိမ်ရယ်။နောက်တော့အခေါက်ပေါင်းများစွာ လစ်ရင်လစ်သလို သူ့ဆေးပေးခန်းမှာ လာအိပ်နေတတ်ပြီးနေ့တိုင်းနီးပါးသူ့မှာဖွင့်ပြောသလို တဖြေးဖြေးနဲ့အသားယူလာတာ။

My Lovely Bad Boy(လူဆိုးကောင်လေးနှင့် ချစ်ကျွမ်းဝင်ခြင်း)Where stories live. Discover now