""မင်းသာ လိုချင်ရင်""
ရစ်ခီ စကားဆုံးအောင်မပြောလိုက်ရပါ။ဂွန်းဝုက သူ့ရှေ့ကိုရောက်လာကာ အလုပ်စားပွဲကိုလက်နှစ်ဖက်နဲ့ထောက်ကာ သူ့ကိုငုံ့ကြည့်လာသည်။
အနီးကပ်ကြည့်တော့မှ ဂွန်းကစိတ်ဆိုးနေတာတောင်ချောပါသည်။သေချာကြည့်ရင် သူချစ်တဲ့ပါးဖောင်းဖောင်းကြီးတွေရှိသေးသည်။တစ်ခုသာ 24နှစ်အရွယ် ဒီယောကျာ်းသားကဒီနှစ်တွေထဲ ဘာတွေကိုစားလို့ ဒီလောက်တောင်အရပ်တွေရှည်လာရတာလဲ။အရပ်6ပေရှိတဲ့ရစ်ခီက သူနဲ့ယှဉ်ရင် သေးသေးလေးလို။
""မေမေလေးက ကိုယ့်အပိုင်လိုမျိုးကိုပြောနေတော့တာပဲ""
ဂွန်းဝုက သူ့ကိုကြည့်နေတဲ့မျက်လုံးလှလှလေးတွေကို စိုက်ကြည့်လာသည်။
""အစတည်းက ဒါတွေကငါ့အပိုင်တွေပဲလေ""
စူးရှနေတဲ့သူ့ရဲ့အကြည့်တွေကို မခံနိုင်သည်မို့ ရစ်ခီရဲ့မျက်လွှာလေးတွေက အောက်ကိုငုံ့ကျသွားသည်။ထို့ကြောင့် သူ့ကိုပိုင်ဆိုင်လိုစိတ်ကြီးစွာကြည့်နေသော ဂွန်းဝုရဲ့အကြည့်တွေကိုမမြင်နိုင်ခဲ့။
""မေမေလေးက အစတည်းကပတ်အိမ်တော်နဲ့သွေးသားမှမတော်တာ""
""ပြီးတော့""
ဂွန်းဝုရဲ့လက်တစ်ဖက်က ရစ်ခီရဲ့မေးဖျားကိုဆုပ်ကိုင်ကာ လက်မဖြင့်နူးညံ့အိစက်နေသောနှုတ်ခမ်းသားများကို အသာပွတ်ဆွဲလာသည်။
""ကျနော့်အဖေနဲ့ကလည်း လူသိရှင်ကြားတရားဝင်လက်ထပ်ထားတာမဟုတ်တော့ မယားငယ်ပဲမဟုတ်ဘူးလား""
ဂွန်းဝုရဲ့စကားအဆုံးမှာ သူ့ပါးပြင်တစ်ဖက်ကလည်ထွက်သွားတယ်။ဂွန်းဝု သူ့ပါးကိုသူပြန်ကိုင်ရင်း တစ်ဖက်လူကိုကြည့်လိုက်တော့ ဒေါသကြောင့် ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေတာကိုတွေ့လိုက်ရ၏။ဒေါသကြောင့်ပဲလား တခြားအကြောင်းအရင်းကြောင်းပဲလား ရစ်ခီ့ရဲ့နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်နေပြီး လေးကိုင်းမျက်မှန်အောက်က မျက်ဝွန်းတွေက မျက်ရည်စတွေနဲ့လို့ ဂွန်းဝုအထင်မှားမိသလိုပဲ။
""ငါတို့ရဲ့တချိန်ကဆက်ဆံရေးကြောင့် ငါ့ကိုမုန်းလို့ရတယ် ဒါပေမယ့်ငါ့ကိုမစော်ကားနဲ့""