ခုံးမျက်သွယ်နှင့် တောက်ပမျက်ဝန်း
မြူကင်းစင်သည့် နုမျက်နှာဝယ်
ပတ္တာမြားအသွေး ပယင်းရေးနှင့်
ဆန်းလသဖွယ် နှုတ်ခမ်းများဝယ်
ကွေးညွှတ်အပြုံးတို့ ဆင်ခဲ့သည်။
ဖန်လေခါခါ မေ့ပါသော်လည်း
မုန်းချင့်စဖွယ် ထိုအပြုံးနွယ်ကအတွေးရိပ်ဝယ် တရစ်ဝဲဝဲညုလို့ရယ်။
ကဗျာမမှီ၊စာမစီနိုင်သည့်
ပန်းချီအရှုံး မောင့်အပြုံးကြောင့်နှင်းစက်များပင် ငိုရချေပြီ ငိုလေပြီ။
တရံတခါမောင့်အပြုံးချိုချို ပန်းချီငိုအား
ပိုင်ခွင့်ရသူ သူစိမ်းလူကို
အဘိဇ္ဇါစိတ်ကြောင့်
နာလို မရှုစိမ့်နိုင်တော့တယ်။ ။
နှင်းအံဒေါင်း
YOU ARE READING
ခွေးကလေးတစ်ကောင်ကို ချစ်မိခြင်း
Poesíaခပ်ဆန်းဆန်းကြယ်တစ်ပွင့် ဖြုတ်ခနဲကြွေကျသွား၏။ကျွနုပ်၏ဆုတောင်းသည် သူပျော်ပါစေ ဟူ၍ ဖြစ်လေသည်။