"Solo Idol Ricky Shen is dating!"
Idolတယောက်၏ dating new တိတိကျကျအားဖြင့် Solo Idol ရစ်ခီရှန်၏ dating newဆိုပြီး ခေါင်းစဉ်အကြီးကြီးသည် တောင်ကိုရီးယားတစ်နိုင်ငံလုံးအား လှုပ်လှုပ်ရှားရှားဖြစ်စေ၏။ ထိုသတင်း၏ အောက်တွင် ဖြစ်ပေါ်နေသော ကောမန့်များမှာလည်း တလှုပ်လှုပ်တက်လာနေသည်။
ရည်းစားထားပါရစ်ခီရှန် : ငါတို့အိမ်ကသားလေးရေ ဒိတ်တင်းတွေဘဲထွက်မနေနဲ့ ရည်းစားတကယ်ထားပြပါ
ရစ်ခီရှန် can တက်နင်း me everytime : ဟိုလေ ဘယ်လိုမှတော့မအောက်မေ့ပါနဲ့ ဒီတစ်ခါကို comfirmပေးကြပါနော် ငါတို့ဘစိလေး ရည်းစားမရှိဘဲ တောက်ပလာတာ အနှစ် 20 ရှိနေပြီဖြစ်လို့ပါ
မားမားဖန်လေးကျွန်မ : ဟုတ်မှလဲ လုပ်ပါဦးအေ ဟိုက အမြဲငြင်းနေရတာ
ဖြတ်လျှောက်တွေမလာခဲ့နဲ့ : ငါတို့လဲ သူများဖန်ဂဲလ်တွေလို ခွေးစာစားချင်တယ်လို့ (ငိုသံဖြင့်)
ကြိတ်ရှစ်အတွဲကပိုရီးရဲလ်တယ် : ဟဲ့ရေ ငါတော့ ငါတို့အိမ်က ကလေးလေးကို CEOကြီးနဲ့ဘဲ သဘောတူတယ်
မြုပ်သွားသောသင်္ဘောကြီး : အပေါ်ထပ် +၂
မူးမန့်ဆိုတာဂျိုနဲ့လားဟေ့ : အတွဲမူးမန့်ရရင် ကတုံးတုံးတာကို liveလွှင့်ပြမယ်
ထိုကဲ့သို့ ငြင်းကြ ခုန်ကြရင်း ရစ်ခီရှန်၏ ဖန်ဂဲလ်တစ်သိုက်သည် ဘစိကို ဘူလီလိုက် မူးမန့်မရှိ၍ ပင့်ကူတက်နေသော ရှစ်ပါဖန်များသည်ပင် တရုန်းရုန်းဝင်လာကြသည်။
ရစ်ခီသည် အိပ်ယာပေါ် လှဲနေရင်း SNSမှ ထွက်လာကာ လူးတုန်း လှိမ့်တုန်း ရှာတုန်း ဖွေတုန်း လုပ်ရန် Google သို့ နှိပ်လိုက်သည်။
"ရည်းစားဟောင်းကိုမုအွန်လုပ်နည်း"
နည်းလမ်း1- အသစ်ရှာ
နည်းလမ်း2- ဆိုရှယ်မီဒီယာအကုန်လုံးမှာ exကို ဘလော့လိုက်
*မှတ်ချက်=မနေနိုင်ပါက အကောင့်တုတစ်ခုနှင့် ချောင်းကြည့်ပါနည်းလမ်း3- အရက်တွေသောက်လိုက်
နည်းလမ်း4- မုမအွန်နိုင်ရင် ပြန်တွဲ