ရှန်ချွမ်းရွေ့၏ တစ်နေ့တာလုပ်ငန်း မှတ်တမ်းတင်စာအုပ်
"Aခန်းက စီနီယာအကိုကြီးကို ခိုးကြည့်ရန်"
"အားးးးးးးးးဘာလဲကွာ တစ်နေ့တစ်နေ့ ဒီလောက်ကြီးချောပြမှဖြစ်မှာလားလို့"
ရစ်ခီသည် ဖုန်းကို ကြည့်ကာ ကုတင်ပေါ်တက်လိုက် ဆင်းလိုက် ခုန်လိုက် အိပ်လိုက်နှင့် ကားယားကြီးနေနေရင်း ခရက်ရှ်အကိုကြီး၏ Mydayအား ဝင်ကြည့်ကာ ညည်းညူနေသည်။
အကြောင်းမှာ စီနီယာအကိုကြီးက ဘတ်စကတ်ဘောဆော့နေတုန်းက ဓာတ်ပုံတစ်ပုံအား တင်ထားသောကြောင့်ဖြစ်သည်။
ဒိုင်ယာရီမှာကျ ခိုးကြည့်ရန်ဆိုပြီးေရးထားပေမဲ့ mydayကိုကျ ပေါ်တင်ကြည့်ရဲလားလို့ မမေးကြပါနဲ့။ အကောင့်တုတစ်ခုနဲ့ ခိုးကြည့်ခြင်းသာဖြစ်သည်။ ရစ်ခီသည် သူငယ်ချင်းများအား ကွိစိကွစ သေးသေးလေးတောင် အကြောမခံပေမဲ့ သူကြိုက်နေတဲ့ စီနီယာရှေ့တွင်တော့ မခုတ်တတ်တဲ့ ကြောင်လေးပင်ဖြစ်ပေသည်။
အခုလဲ messengerတွင် တစ်တောင်တောင်နှင့် ပို့လာသော မက်သရူး၏ စာမေးပွဲမေးခွန်းနှင့်ဆိုင်သော စာများကို လျစ်လျူရှု့ကာ အကိုကြီးအား အပီအပြင်ကြူးနေသည်။
"ကိုကိုက အရမ်းချောလိုက်တာ ချောလွန်းလို့ သေမလိုဘဲ"
"ဘဝက life ဆိုတာလိမ်ပြောတာ တကယ်ကကိုကို့ရင်အုပ်ကြီး ကိုကို့မာဆယ်တွေ ကိုကို့ပေါင်တံတွေ ကိုကို့မျက်နှာထားလေး ကိုကို့အကြည့်တွေ ကိုကိုပဲကွာ ကိုကိုပဲကိုကိုမှကိုကိုပဲ"
"Good nightကိုကို ကျွန်တော်အိပ်ပါတော့မယ် ကိုကိုလဲ အိမ်မက်လှလှမက်ပါစေ"
ရစ်ခီသည် မရှိတဲ့လေတွေအား ဖက်လုံးနှင့်ရိုက်ရင်း အိပ်ဖို့ပြင်ရသည်။ မပြင်လို့လဲမရ မနက်ကျ ကိုကို့ကို ခိုးကြည့်ရန် ကျောင်းသို့စောစောသွားရမှာ ဖြစ်သောအောင် ဟိုလှိမ့်ဒီလှိမ့်လုပ်ရင်း အိပ်လိုက်ရပါတော့တယ်။
ဆောင်းတွင်းမနက်ခင်းသည် တစ်ဖြည်းဖြည်း ပုံပေါ်လာချေပြီ။ ရစ်ခီရှန်သည် စောင်ကြီးခြုံကာ ပါးလေးအား ပိန်လိုက် ဖောင်းလိုက် လုပ်ကာဖြင့် ထရန် ကောင်းမကောင်း စဉ်းစားနေသည်။