•တွေ့ဆုံခြင်း•[UNICODE]

517 33 0
                                    

ပြခန်းထဲမှာချိတ်ထားတဲ့ ပိတ်ကားပေါ်က အရောင်အစပ်မမှန်တဲ့ပန်းချီကားတွေကို လူတွေကြည့်ရင်း သဘောကျနေကြသည် ။ လူတွေက ဘာလို့ပန်းချီတွေကိုကြည့်ရတာ သဘောကျကြတာလဲ ?

အသက်၂၀ကျော်အရွယ် လူငယ်လေးတစ်ယောက်ကတော့ ပန်းချီတစ်ချပ်ကိုကြည့်ရင်း စုပ်တစ်ချက်သပ်လိုက်တယ် ။ ပန်းချီတွေက လက်ရာမဆိုးလှပေမယ့် အရောင်အစပ်က မူလတန်းအဆင့်‌ထက်တောင် ဆိုးနေသေးသည် ။

ထိုလူငယ်လေးရဲ့ပုံပန်းသဏ္ဌာန်က အပေါ်ရော အောက်ရော အနက်ကိုမှ ဂျာကင်အနက်ရောင် ထပ်ဝတ်ထားသည် ။ လက်ထဲတွင်လည်း အနက်ရောင် ဆိုင်ကယ်ဦးထုပ်တစ်လုံးကိုကိုင်ထားသည် ။

"အဖေ ‌ကျွန်တော့်ကို ဒီအမှိုက်တွေကြည့်ဖို့ခေါ်လာတာလား"

"တိုးတိုးနေ ဒါအများပိုင်နေရာ အဆင့်အတန်းမရှိတဲ့လုပ်ရပ်တွေမလုပ်နဲ့"

"အဖေကမှ အဓိပ္ပာယ်မရှိတာတွေလုပ်နေတာလေ အဖေတင်မကဘူး ဒီပြခန်းထဲမှာရှိတဲ့ ဒီပန်းချီတွေကို သဘောကျနေတဲ့လူတိုင်းပဲ အဓိပ္ပာယ်မရှိတာတွေလုပ်နေတယ် ဒီပန်းချီကိုကြည့် ဘယ်ကောင်းကင်က ခရမ်းရောင်ရှိလို့လဲ?"

ထိုလူငယ်လေးက ပန်းချီကားတစ်ချပ်ကို လက်ညှိုးထိုးပြရင်း ပြောသည် ။

"Perth မရိုင်းနဲ့ ဒါ အဖေ့သူငယ်ချင်းရဲ့သား နာမည်ကြီးပန်းချီဆရာ ဆွဲထားတာ မင်းပြောသလို အရောင်အစပ်တွေမှန်မနေဘူး ဟုတ်တယ် သူက colorblind တစ်ယောက်မို့ ဒါပေမယ့် သူတစ်နှစ်မှာ ဝင်ငွေဘယ်လောက်ရှိလဲသိလား မင်းဆိုင်ကယ်မျိုးဆယ်စီးလောက် အသာလေးဝယ်နိုင်တယ်ကွ ဒီပြခန်းထဲမှာရှိတဲ့သူတွေအားလုံးက သူ့ပန်းချီတွေကိုကြည့်ရဖို့ အနယ်နယ်အရပ်ရပ်က လာခဲ့တာ ခဏနေကျ လေလံတင်ရင် ဈေးကြီးပေးကြမှာ မင်းတစ်နေ့တစ်နေ့ အလေလိုက်နေတာထက်စာရင် အများကြီးသာတယ်"

Colorblind...
ကြားသာကြားဖူးပြီး မမြင်ဖူးတဲ့ချို့ယွင်းသူတွေပေါ့ ။ လောကကြီးမှာရှိတဲ့ဘယ်အရောင်ကိုမှမမြင်နိုင်ပဲ အဖြူနဲ့အမဲသာ မြင်နိုင်တဲ့သူတွေ ။

Perth ခဏတော့ တွေဝေသွားသည် ။ လူတွေက ဘာလို့ ဒီအရောင်အစပ်မမှန်တဲ့ပန်းချီကားတွေကို သဘောကျနေတာလဲဆိုတာကိုတော့ နားမလည်ဆဲ ။

O u r S c e n a r i o [COMPLETE]Where stories live. Discover now